05

141 10 0
                                    

"မနေ့ညကဖွင့်ပြောတော့သူကလက်ခံတယ်တဲ့လား?" ဆိုပြီးပြိုင်တူပြောလိုက်မိကြပြီး

"သူက" ဆိုပြီးပြိုင်တူ‌ထပ်ပြောကြကာ

"သူကဦးလေးကိုကြိုက်တာတဲ့"

"သူကဟူးဟူးလေးကိုကြိုက်တာတဲ့" ဆိုပြီးပြိုင်တူပြောလိုက်ကြတော့တယ်...။

"ဦးလေးကောလား?"

"ဟူးဟူးလေးကောလား?"

"ဒါဆိုကျွန်တော်တို့ထင်ထားတာကအကုန်မှားနေခဲ့တာပေါ့ ဒါကြောင့်သူကစီနီယာနဲ့ပေါင်းတာကိုမကြိုက်တာပေါ့"

"ပြောတယ်မလား?ဟူးဟူးလေးကိုကြိုက်နေတာပါလို့"

"ဗြဲ...အတူတူငိုရအောင်" ဆိုပြီးဖက်ရင်းငိုနေကြကာနှစ်ယောက်လုံးအသဲကွဲသွားကြပြီး နောက်တစ်နေ့လည်းရောက်ကော ဆောင်းဟွန်းကဟီဆွန်းနဲ့ထိပ်တိုက်တိုးကာ

"မင်္ဂလာနံနက်ခင်း"

"မှန်ကြောင်" ဆိုပြီးဂီဆောင်းရဲ့ခေါ်သံကြောင့်လှည့်ကြည့်လိုက်ပြီး

"ဪလာပြီ" ဆိုပြီးဟီဆွန်းကိုဥပေက္ခာပြုသွားတာပေါ့...။

ဂီဆောင်းနဲ့ပဲအတူတူနေနေသော်လည်းစိတ်ကတော့ဟီဆွန်းဆီရောက်နေကာ

"ဘာလို့လဲဘာလို့ငါ့ကိုသဘောမကျရတာလဲ?ဘာလို့အထင်လွှဲအောင်လုပ်ရတာလဲ?" ဆိုပြီးစိတ်ညစ်နေပြီး

"ရားးမှန်ကြောင်"

"ဘာလဲ?"

"နေ့လည်ကျရင်လိုက်အားပေးနော်ဘတ်စ်ကတ်ဘောဆော့ရင်လေ"

"ဪ...ဒါနဲ့?မင်းကငါ့ကို?"

"ဪ?"

"ထားပါတော့ လျစ်လျူရှုထားတာပဲကောင်းမယ်" ဆိုပြီးစိတ်ပျက်နေတော့လေရဲ့...။

ဟီဆွန်းကတွေ့တိုင်းနှုတ်ဆက်ပေမဲ့ဆောင်းဟွန်းကတော့အမြဲဥပေက္ခာပြုထားကာအားကစားကွင်းထဲမှာတောင်ဟီဆွန်းကိုအားမပေးတော့ပါဘူး...။

"စီနီယာလည်းတခြားသူတွေနဲ့အတူတူပဲ" ဆိုပြီးစိတ်မကောင်းလည်းဖြစ်သလိုဒေါသတွေဖြစ်နေခဲ့ပြီးနှလုံးသားလေးကတော့ဒဏ်ရာရနေခဲ့တာပေါ့...။

THE HARDEST WAY ✓  || Milkcarrot🥛🥕Where stories live. Discover now