Description

417 29 9
                                    

စူးစမ်းလေ့လာသူ ဝေချီလီသည် ချောက်ကမ်းပါးမှမတော်တဆပြုတ်ကျသွားခဲ့ပြီး သူမနိုးလာသောအခါတွင် ရှုပ်ပွနေသော အဝတ်အစားများနှင့် ဒဏ်ရာများဖြင့်ဖုံးအုပ်နေသော ပြိုင်ဘက်ကင်းအလှလေး၏ အပေါ်တွင်ရောက်နေလေသည်။

ငါလေး ဝိညာဉ်ကူးပြောင်းလာတာလား။

ရက်စက်ကြမ်းကြုတ်သည့်ဝတ္ထုထဲတွင် အမျိုးသမီးဇာတ်ပို့တစ်ယောက်ဖြစ်လာခဲ့သည်။
အမျိုးသမီးဇာတ်ပို့သည် ဇာတ်လိုက်မင်းသားနှင့် လက်ထပ်ခဲ့ပေမယ့် ဇာတ်လိုက်မင်းသား၏ ဇာတ်လိုက်မင်းသမီး လျှိုလုရီ အား နှိပ်စက်ရာတွင်သာ အသုံးချခြင်းခံရလေသည်။
အဆုံးမှာတော့ တိုင်းပြည်သည်ချေမှုန်းခြင်းခံရပြီး ဇာတ်လိုက်မင်းသမီး၏ မသေမချင်းဓားဖြင့်ထိုးသတ်ခြင်းခံခဲ့ရ‌လေသည်။

အသက်ရှင်ဖို့ရန်အတွက် ဝေချီလီသည် ဇာတ်လိုက်မင်းသမီးအား ဇာတ်လိုက်မင်းသားကို မချစ်မိအောင် တားဆီးရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ဇာတ်လိုက်မင်းသား ဇာတ်လိုက်မင်းသမီးအား အတင်းအကြပ်နမ်းဖို့လုပ်သည့်အခါ ဝေချီလီသည် အပြေးအလွှားရှေ့ထွက်လာခဲ့သည်။
ဇာတ်လိုက်မင်းသား ဇာတ်လိုက်မင်းသမီးအား နှိပ်စက်သည့်အခါ ဝေချီလီ ဇာတ်လိုက်မင်းသား၏ ခေါင်းကိုရိုက်နှက်ခဲ့သည်။
ဇာတ်လိုက်မင်းသားနှင့် ဇာတ်လိုက်မင်းသမီး၏အိပ်ဆောင်ခန်းတွင် ဝေချီလီသည် ဇာတ်လိုက်မင်းသားအားလှည့်စားခဲ့ပြီး ဇာတ်လိုက်မင်းသမီး၏အိပ်ရာပေါ်သို့ခိုးဝင်ခဲ့သည်။
အဆုံးမှာတော့ ဇာတ်လိုက်မင်းသမီးသည် ဇာတ်လိုက်မင်းသားအား မချစ်မိသွားခဲ့ပေမယ့် အမျိုးသမီးဇာတ်ပို့အားချစ်မိသွားခဲ့သည်။
တစ်နေ့ ဝေချီလီ နောက်ဆုံးတော့ ဇာတ်လိုက်မင်းသားအား ကွာရှင်းပြီး ပျော်ရွှင်စွာ ထွက်ပြေးဖို့ပြင်ဆင်နေခဲ့သော်လည်း လျှိုလုရီက ဟန့်တားခဲ့လေသည်။
အမြဲအေးစက်ပြီး ဂရုမစိုက်တတ်သော လျှိုလုရီသည် အဝတ်အစားမပါဘဲ နီမြန်းနေသည့် မျက်နှာဖြင့်
"ကျွန်မကိုယ်ကျွန်မ ရှင့်ကိုပေးပါ့မယ် ထွက်မသွားပါနဲ့နော် "
________

မြို့တော်တွင် ကောလာဟသတစ်ခု ထွက်ပေါ်နေသည်။
အဆင့်ငါးအရာရှိဖြင့် လက်ထပ်ခဲ့သော မင်းသမီးလေးကို မရေတွက်နိုင်သည့် မှူးမတ်များကလက်ထပ်ခွင့်တောင်းရန် လာခဲ့ကြသည်။
ဒါပေမယ့် အလှလေး၏ရိုက်နှက်ခြင်းကိုသာခံခဲ့ကြရသည်။
"ဒီအပေါက်ဆိုးသည့်အမျိုးသမီးက ဘယ်ကရောက်လာတာလဲ၊ အရမ်းကြမ်းတမ်းတာပဲ"

ဝေချီလီ အလှလေးအား တုတ်ကမ်းပေးကာ တံခါးဘောင်ကိုမှီရင်းပြုံးလိုက်သည်။
"တောင်းပန်ပါတယ် သူမလေးကို ကျွန်မ အလိုလိုက်ထားမိလို့ပါ "
_____________

လျှိုလုရီ ထိုယောက်ျားအားတွေ့ဆုံပြီးနောက် သူမ၏မိသားစုသည် ဝမ်းနည်ဖွယ်ရာသေဆုံးသွားခဲ့ပြီး အနိုင်ကျင့်ခံခဲ့ရသည်။
ဒါကို သူမ၏ကံကြမ္မာအဖြစ် သူမလက်ခံခဲ့သည်။
မထင်မှတ်ပဲ တစ်နေ့မှာ သူမကိုနှိပ်စက်ခဲ့သည့် အမျိုးသမီးကပြောင်းလဲသွားသည်။
အဓိကအချက်ကတော့ သင့်ကိုကယ်တင်ရန် မြင်းဖြူစီးကာ‌ရောက်လာမည့်သူသည် မင်းသားလေးဖြစ်နေစရာမလိုအပ်ပေ၊ ရက်စက်သည့်အမျိုးသမီးဇာတ်ပို့လည်းဖြစ်နေနိုင်သည် ဟူ၍ပင်။
_____________________________________

Lilac : ဒါလေး ဘာသာပြန်နေတာမတွေ့မိလို့ပါ ၊ ပြန်နေတဲ့သူရှိရင် လာပြောပေးပါနော် ၊ ပြန်ဖျက်ပေးပါ့မယ်

ဇာတ်လိုက်မင်းသား၏အနောက်ဆောင်ကမီးတောက်နေပြီဟေ့!Where stories live. Discover now