Chapter 4 - နူးညံ့သည့်သူမ

73 14 0
                                    

" ခွေးကောင် "
ဝေချီလီလှည့်ကာ လျှင်မြန်စွာထွက်လာလိုက်သည်။
သူမ ဆက်ပြီးသည်းမခံနိုင်တော့ပေ။
ဒီလို အဓိပ္ပါယ်မရှိတဲ့ အမှိုက်ကောင်မျိုးက ဘယ်လိုလုပ်ပြီး ဇာတ်လိုက်မင်းသားဖြစ်နေရတာလဲ။
လုယန်းဖူသည် အလွန်စျာန်ဝင်နေတာကြောင့် သူ့နောက်တွင် အခြားလူတစ်ယောက်ရှိနေသည်ကို သတိမမူမိသည်ကတော့သနားစရာပင်။
ဝေချီလီ သူမ၏မူလနေရာမှလှည့်ထွက်ကာ တံခါးမှပြုတ်ကျထားသည့် သစ်သားကျိုးစအား ကောက်ယူလိုက်ပြီး လက်မြှောက်ကာ လုယန်းဖူ ဦးခေါင်းနောက်ကို ရိုက်ချပစ်လိုက်သည်။
လုယန်းဖူသည် ညည်းသံနှင့်အတူ လျှိုလုရီ ကိုယ်ပေါ် မေ့လဲသွားသည်။
ဖြစ်စဥ်တစ်ခုလုံးသည် အလွန်လက်သွက်လှပြီး ရှုပ်ထွေးခြင်းလုံးဝမရှိပေ။

ထိတ်လန့်သွားသော လျှိုလုရီသည် လုယန်းဖူအား ဝေးရာသို့တွန်းထုတ်ပစ်ရန် အသည်းအသန်ကြိုးစားပါတော့သည်။
ပြင်းထန်သည့်စိတ်အခြေအနေကြောင့် သူမလက်ထဲရှိ ကြွေထည်ကွဲစသည် လုယန်းဖူလက်မောင်းအား အကြိမ်ကြိမ်ပြတ်ရှသွားစေခဲ့သည်။
ဝေချီလီ ရှေ့သို့အမြန်တိုးသွားလိုက်ကာ လုယန်းဖူကို ကုတင်ပေါ်မှ အတင်းဆွဲထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ပြင်းထန်စွာပစ်ချလိုက်သည်။
" လေးလိုက်တာ၊ လေးလိုက်တာမှ ဝက်လိုပဲ။

တံခါးအပြင်ဘက်ရှိ အစောင့်သည် ဆူညံသံတွေကိုကြားပြီး စိုးရိမ်တကြီး အော်လိုက်သည်။
" သခင်လေး ကျွန်တော်မျိုးဝင်လာရမလား။ "

" ပါးစပ်ပိတ်ထားစမ်း။ ဒီမင်းသမီးက မင်းရဲ့သခင်လေးနဲ့ အရေးတကြီးဆွေးနွေးစရာရှိတယ်၊ တံခါးသာ သေချာစောင့်စမ်း။ "
မူလကိုယ်ပိုင်ရှင်၏ ဥာဏ်များပြီး ကျိုးကြောင်းဆီလျော်မှုမရှိသောစိတ်နေစိတ်ထားမှာ အမှန်ပင်အစွမ်းထက်လှသည်။
အစောင့်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် ဘာမှထပ်မပြောဝံ့တော့ပေ။

လျှိုလုရီသည် ဖြည်းညှင်းစွာထလာပြီး မောဟိုက်စွာဖြင့် ဝေချီလီအား အားကိုးရာမဲ့စွာကြည့်နေသည်။
သူမ၏အဝတ်အစားတစ်ဝက်လောက်က ဆုတ်ဖြဲခြင်းခံထားရသည်၊ သူမ၏အနီရောင်နှုတ်ခမ်းပေါ်တွင်သွေးများရှိနေပြီး နူးညံ့ချောမွေ့သည့် အဖြူရောင်ပုခုံးသားနှင့်အတူ မျက်ရည်ဝိုင်းနေသောမျက်လုံးများက သူမကိုပိုပြီးဆွဲဆောင်မှုရှိစေသည်။

ဇာတ်လိုက်မင်းသား၏အနောက်ဆောင်ကမီးတောက်နေပြီဟေ့!Where stories live. Discover now