ဝေချီ ! ဝေချီ !
ကမ္ဘာမြေကြီး၏ဆွဲအားမှကင်းလွတ်သွားသောခံစားမှုနှင့်အတူ ဘယ်သူအော်လိုက်မှန်းမသိသည့်အသံက သူမ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ပြင်းထန်သောလေစီးကြောင်းသည် ဝေချီလီ၏အမြင်အာရုံကို မှုန်ဝါးသွားစေပြီး ပတ်ဝန်းကျင်ကို ကွဲအက်သွားစေသည်။
ဝေချီလီ သူမ၏မျက်လုံးများကိုဖွင့်ကာ နောက်ဆုံးမြင်ကွင်းအနေဖြင့် ကောင်းကင်ကြီးကိုကြည့်ရန် ကြိုးစားလိုက်သည်။နာမည်ကြီးစူးစမ်းလေ့လာသူဖြစ်တဲ့ ငါလေးက ငှက်တစ်ကောင်ကြောင့်နဲ့ ချောက်ကမ်းပါးပေါ်ကပြုတ်ကျပြီးသေရတော့မှာပါလား။
အလင်းရောင်ကမှုန်ဝါးသွားပြီးနောက် ပြန်လည်တောက်ပလာခဲ့သည်။
သို့သော် ဒီတစ်ခါတော့ တောက်ပသည့်အလင်းရောင်က ဖယောင်းတိုင်မီးကနေလာခြင်းဖြစ်သည်။" ကျွတ် "
ဝေချီလီသည် မျက်လုံးများကိုအတင်းဖွင့်ကာ လက်တစ်ကမ်းအကွာရှိ ဖယောင်းတိုင်ကို မြင်ရအောင် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။
ဖယောင်းတိုင်ပုံစံသည် မယုံနိုင်လောက်အောင် အိုဟောင်းနေ၏။
သံချေးတက်နေသောကြေးနီပြားကို အရည်ပျော်ကျလာသော ဖယောင်းစက်များက ဖုံးအုပ်ထားပြီး ဖယောင်းဆီပေါ်ကဖုန်မှုန့်တွေက လူကို စိတ်မသက်မသာဖြစ်စေသည်။
ဝေချီလီ သူမလက်တွေကို အနည်းငယ်လှုပ်ရှားလိုက်သည်။
သူမ၏လက်ဖျားထိပ်တွင် နွေးထွေးမှုကိုခံစားလိုက်ရပြီး တုန်လှုပ်နေသည့် အသံကိုကြားလိုက်ရသည်။
တောင့်တင်းနေသည့် သူမလည်ပင်းကို လှည့်ကာ သူမအောက်က အမျိုးသမီးကိုစိုက်ကြည့်လိုက်သည်။
ထိုအမျိုးသမီးက ငိုနေလေသည်။
သူမ၏မျက်လုံးတွေက ဘယ်လိုမျက်လုံးမျိုးလဲဆိုတာ ဝေချီလီ မဖော်ပြနိုင်ပေ။
ရီဝေနေပြီး ပင်လယ်လိုနက်ရှိုင်းသည်၊ နူးညံ့ပြီး ခေါင်းမာသည်။
ဝေချီလီသည် လက်ထဲတွင် ချွန်မြသည့်အေးစက်စက် ဓားတစ်ချောင်းအားကိုင်ဆောင်ထားပြီး ဓားသွားသည် ထိုအမျိုးသမီး၏မျက်နှာနှင့် အလွန်နီးကပ်နေသည်။
ဤအခြေအနေကိုမြင်တော့ ဝေချီလီ မျက်လုံးတွေပြာသွားပြီး မူးလဲတောမလိုဖြစ်သွားသည်။
သို့သော်လည်း သူမဘာသာခရီးသွားခဲ့ခြင်းအတွေ့အကြုံတွေ ကျေးဇူးကြောင့် တည်ငြိမ်စွာရပ်နေနိုင်ခဲ့ပြီး သူမလက်ထဲကဓားသည် တစ်လက်မမျှ မရွေ့သွားခဲ့ပေ။
အမျိုးသမီးသည် တုန်ရင်နေလေသည်။မက်မွန်သီးပုံစံမျက်လုံးများဖြင့် ဝေချီလီကို စိုက်ကြည့်နေသည်။
သူမ၏အဝတ်အစားများသည် ဖရိုဖရဲဖြစ်နေပြီး သူမ၏မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နေလေသည်။
၎င်းက သူမ၏ရင်သပ်ရှုမောဖွယ်မျက်ခုံးများကို မဖုံးကွယ်ထားနိုင်ရုံသာမက ပိုပြီးတော့တောင်ဆွဲဆောင်မှုရှိစေသည်။

YOU ARE READING
ဇာတ်လိုက်မင်းသား၏အနောက်ဆောင်ကမီးတောက်နေပြီဟေ့!
Любовные романыNovel Title - Meal Lead's Backyard Is On Fire Author - Qigian Zhe Xi #I don't own this novel ! #I'm just translating #Credit to original author and eng translator.