သူ၏အသံသည် ကွဲအက်နေပြီး ညို့ငြင်နိုင်စွမ်းရှိလေသည်၊ အလိုမကျမှုတွေပြည့်နှက်နေသည့်အသံက ပတ်ဝန်းကျင်လေထုအားလေးလံသွားစေသည်။
ဝေချီလီ ဝန်ခံခါနီးတွင် လုယန်းဖူသည် သူမကိုကျော်သွားပြီး လျှိုလုရီရှေ့တွင် ရပ်လိုက်သည်ကိုတွေ့လိုက်ရသည်။
သူသည် လျှိုလုရီကို အထက်စီးဆန်စွာငုံ့ကြည့်နေသော်လည်း လျှိုလုရီက အလျှော့မပေးပဲ သူ့ကိုပြန်ကြည့်နေသည်။
ဝေချီလီ မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး အနည်းငယ် မပျော်သလို ခံစားလိုက်ရသည်။
အဲ့ကောင်က အခုငါ့ကိုလျစ်လျူရှုသွားတာလား။" မင်းက တော်တော်လေး သတ္တိရှိတာပဲ။ လက်နက်သယ်ဆောင်ထားရုံသာမက ကိုယ့်ကိုတောင်မှတိုက်ခိုက်ရဲသေးတယ်။ လျှိုလုရီ၊ အား လျှိုလုရီ၊ မင်းမှာ မဲနက်နေတဲ့နှလုံးသားရှိတာပဲ။
မင်းဖခင်နဲ့ အကိုက ငါ့လက်ထဲမှာဆိုတာ မမေ့နဲ့။ ယုံချင်ယုံ မယုံချင်နေ၊ မင်းအကိုကို သူ့ကိုသတ်ပေးဖို့တောင်းပန်လာတဲ့အထိနာကျင်အောင် ကိုယ်နှိပ်စက်ပြမယ်။ "ဒါကိုကြားတော့ လျှိုလုရီ ကျစ်ကျစ်ပါအောင်လက်သီးဆုပ်ကာ လုယန်းဖူကို ဒေါသတကြီးကြည့်လိုက်သည်။
" ရှင် သူကို ဘာလုပ်မလို့လဲ။ "စိုးရိမ်နေသည့် သူမကိုမြင်တော့ လုယန်းဖူစိတ်လျှော့သွားပြီး ပြုံးလိုက်သည်။
" ကိုယ်က အရာရှိငယ်လေးပဲဟာ ဘာနည်းလမ်းတွေရှိနိုင်မှာလဲ။
အရင်က သူကြုံတွေ့ခဲ့ရသလိုမျိုး ထပ်ပြီးကြုံတွေ့အောင် ရိုးရိုးရှင်းရှင်းပဲ ကိုယ်လုပ်မှာပါ။ "လျှိုလုရီ မျက်လုံးများမဲမှောင်သွားပြီး မေ့လဲလုမတတ် သွေးများပွက်ပွက်ဆူလာခဲ့သည်။
လုယန်းဖူကို နီရဲနေသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး ဘာမှမပြောနိုင်တော့ပေ။ဝေချီလီသည် နောက်ကနေစောင့်ကြည့်နေခဲ့သည်။
လျှိုလုရီကို ဒီလောက်ထိဒေါသထွက်လာအောင် လုယန်းဖူ ဘယ်လိုလှည့်ကွက်တွေသုံးလိုက်တာလဲဆိုတာ သူမ အတော်လေးသိချင်မိသား။" ရှင်လိုချင်တာ ဘာလဲ၊ ကျွန်မ ရှင့်ပြောသမျှနားထောင်ပါ့မယ်။ "
ခဏတာ တိတ်ဆိတ်နေပြီးနောက် လျှိုလုရီပြောလိုက်သည်။
YOU ARE READING
ဇာတ်လိုက်မင်းသား၏အနောက်ဆောင်ကမီးတောက်နေပြီဟေ့!
Roman d'amourNovel Title - Meal Lead's Backyard Is On Fire Author - Qigian Zhe Xi #I don't own this novel ! #I'm just translating #Credit to original author and eng translator.