Part 1 (Unicode)

410 31 10
                                    

မနက်နေရောင်ခြည်နဲ့အတူကောင်လေးတစ်ယောက်နိုးထလာခဲ့တယ်။အိပ်နေတဲ့အချိန်မှာအပြုံးတောက်ပနေခဲ့သလောက်အိပ်ရာနိုးထလာတဲ့အချိန်မှာတော့ထိုကောင်လေးရဲ့အပြုံးတွေဟာပျောက်ကွယ်သွားခဲ့တယ်။ လူအများအမြင်မှာတော့သူကအရီအပြုံးမရှိခံစားချက်မရှိတဲ့လူတစ်ယောက်ပါပဲ။အဲ့လိုပြောရင်ရီချင်စရာကြီးပါလူဆိုလို့ဖြစ်လာကတည်းကခံစားချက်အနည်းအကျဉ်းတော့ရှိတာပေါ့အဲ့တာကိုခံစားချက်မရှိတဲ့လူလို့ပြောတဲ့သူတွေကငတုံးတွေပဲဖြစ်လိမ့်မယ်။

ထိုကောင်လေးသက်ပြင်းရှည်ကြီးချပြီးအိပ်ရာကထရေမိုးချိုးအဝတ်အစားလှဲပြီးအိမ်အောက်ထပ်ကိုဆင်းလာခဲ့တယ်။ထမင်းစားဆောင်ထဲဝင်သွားတော့စားပွဲပေါ်မှာအရသာရှိတဲ့အစားအစာတွေနဲ့ပြည့်နှက်နေခဲ့တယ်။ဘယ်လောက်ပဲအရသာရှိတဲ့စားစရာတွေဖြစ်နေပါစေသူ့အတွက်တော့အမုန်းဆုံးအရသာပဲ။ဒီစားပွဲမှာဝင်ထိုင်ရတာကကိုသူ့အတွက်ငရဲလိုပဲ။ သူထမင်းစားဆောင်တံခါးပေါက်ဝနားမှာရပ်နေတာကိုမနက်စာထိုင်စားနေတဲ့လူကြီးကမြင်တော့..

"ဆောင်းဟန်ဘင် ဘာလုပ်နေတာလဲလာထိုင်လေ"

ဟန်ဘင်လည်းခေါင်းငြိမ့်ပြပြီးဝင်ထိုင်လိုက်တယ်။သူဒီမှာထိုင်တာ၁မိနစ်တောင်မရှိသေးပေမယ့်အခုကိုထထွက်သွားချင်နေပြီ။ ဒီထမင်းစားဝိုင်းမှာဝင်ထိုင်လိုက်တာနဲ့ကိုသူ့အတွက်စိတ်ညစ်စရာတွေကကြိုဆိုနေတော့မှာ။

"ဘာလုပ်နေတာလဲစားလေ"

"အင်း"

ဟန်ဘင်သူရှေ့မှာရှိတဲ့ Stake ကိုလှီးဖြတ်ပြီးစားလိုက်တယ်။ အသားရဲ့အရသာကိုခံရင်းမချိုမချဉ်အပြုံးလေးပြုံးမိတယ်။ စစတုန်းသာအရသာရှိတာခဏကြာရင်အဲ့ဒီအရသာရှိတယ်ဆိုတာကရှာလို့မရအောင်ကိုပျောက်ကွယ်သွားလိမ့်မယ်။

"သားကိုအဖေအရေးတကြီးပြောစရာရှိတယ်"

သား? အေဖ? အဲ့ဒီစကားတွေကဆောင်းလူကြီးမင်းသူ့ကိုလိုမှသုံးတဲ့အသုံးအနှုန်းတွေ။ ဟန်ဘင်သူ့အဖေကိုပါးချိုင့်လေးတွေနှက်ဝင်တဲ့အထိရွဲ့ပြုံးလေးပြုံးပြလိုက်ပြီး..

The meaning of white tulips..♡Where stories live. Discover now