နိုးစက်မြည်သံကြောင့်ဟန်ဘင်အိပ်ရာကနိုးထလာခဲ့သည်။ ညကသောက်ထားတဲ့အရှိန်ကြောင့်လားမသိခေါင်းကလည်းအတော်နာကျင်ကိုက်ခဲနေခဲ့တယ်။ ညကကိစ္စကိုသူမှတ်မိလားဆိုတော့မမှတ်မိပါဘူးသူကသောက်ပြီးရင်အကုန်မေ့တာပေ။
ဟန်ဘင်အိပ်ယာပေါ်မှာအကြောဆန့်ပြီးတာနဲ့ထုံးစံအတိုင်းရေမိုးချိုးအဝတ်အစားလှဲပြီးတာနဲ့ထမင်းစားဆောင်ကိုဝင်သွားသည်။ဒီနေ့ထမင်းစားဆောင်မှာဆောင်းဒုံဟွန်းမရှိလို့သူ့လက်မှာဝတ်ဆင်ထားတဲ့နာရီကိုကြည့်မိတော့ ၁၀နာရီတောင်ခွဲနေခဲ့ပြီ။ ဒီအချိန်ဆိုအလုပ်သွားလောက်ပြီပေါ့..။ ဟန်ဘင်ကကုမ္ပဏီခွဲမှာဥက္ကဌဖြစ်ပြီးဆောင်းဒုံဟွန်းကပင်ရင်းကုမ္ပဏီမှာဥက္ကဌဖြစ်ခြင်း။
ဟန်ဘင်လည်းထမင်းစားဝိုင်းမှာထိုင်ပြီးအိမ်ဖော်အဒေါ်ကြီးလုပ်ပေးထားတဲ့ဆန်းဒဝှစ်နဲ့နွားနို့ကိုသောက်ပြီးအလုပ်သွားဖို့ပြင်ရသည်။
ဟန်ဘင်အလုပ်ဆီကိုဦးတည်ပြီးကားမောင်းနေတုန်းမှာပဲတုန်ခါလာတဲ့ဖုန်းကြောင့်ဖုန်းကိုအကြည့်ပို့မိတော့ "ဆောင်းဒုံဟွန်း" ဆိုတဲ့နာမည်လေးကြောင့်ဟက်ခနဲရီမိသည်။ ဘာတွေအလိုရှိလာပြန်ပြီလဲမသိဘူး..။ ဟန်ဘင်လည်းကားကိုလမ်းဘေးတနေရာကပ်ရပ်လိုက်ပြီးဖုန်းကိုင်လိုက်သည်။
.
"ဘာကိစ္စရှိလို့လဲ"
"ကော်ဖီဆိုင်မှာကျန်းဟာအိုနဲ့တွေ့ဖို့ချိန်းပေးထားတယ်
လိပ်စာပို့လိုက်မယ်အခုပဲသွားတွေ့လိုက်""ကျွန်တော်ကဘာကိစ္စနဲ့သွားတွေ့ရမှာလဲအလုပ်ချိန်ကြီးမတွေ့နိုင်ဘူး"
"မင်းအလုပ်ကတော်တော်အရေးကြီးနေလို့လား လျှာမရှည်နဲ့သွားတွေ့လိုက်ဟိုမှာကလေးကစောင့်နေပြီ"
ပြောပြီးဖုန်းချသွားတဲ့သူကြောင့်ဟန်ဘင်မှာပဲကျေခဲမရဖြစ်နေခဲ့သည်။ သူ့ကိုအဖေကကလေးလို့မခေါ်ဖူးတာကိုကျန်းဟာအိုကိုကျကလေးတဲ့လား...။ တစ်ခါမှမမြင်ဖူးခဲ့တာတောင်ခင်ဗျားကတော်တော်အမြင်ကပ်စရာကောင်းတာပဲကျန်းဟာအို!..။
ဟန်ဘင်လည်းအဖေပို့ပေးလာတဲ့ကော်ဖီဆိုင်လိပ်စာကိုကြည့်ပြီးကုမ္ပဏီကိုဦးတည်မောင်းနေခဲ့တဲ့ကားကကော်ဖီဆိုင်ကိုဦးတည်မောင်းရတော့သည်။ သွားမတွေ့ချင်ပေမယ့်ကော်ဖီဆိုင်မှာတောင်စောင့်နေပြီဆိုတော့သွားတွေ့ရမှာပဲမလား။ ပြီးတော့အဲ့ဒီအမြင်ကပ်စရာကောင်းတဲ့ကျန်းဟာအိုကိုမြင်ဖူးချင်မိတယ်။
YOU ARE READING
The meaning of white tulips..♡