"star spot အောင်မြင်ပါစေ !!! Cheer !!!"
ဒီနေ့က star spot variety show ပြီးသွားတဲ့ရက်ဖြစ်တာကြောင့် ပွဲသိမ်း အခမ်းအနား
ကျင်းပရင်း သောက်စားနေကြခြင်းဖြစ်သည်။ အဖွဲ့က သူတွေက အလျိုလျိုစကားပြောနေကြသည် ။ Joseph လဲ
ထိုနည်းတူစွာ အနီးအနားက လူတွေနဲ့ စကားဝိုင်းကျကာ~ သူတို့ငှဲ့ပေးတာကို သောက်နေရင်း ရေချိန်က အနည်းငယ်လွန်နေပြီဖြစ်သည် ။"အများကြီး မသောက်နဲ့ ! "
ဘေးနားက သတိပေးသံကြောင့် ဘေးကို
လှည့်ကြည့်တော့ ရိကော ။ ဟုတ်သားပဲ ...
ရိကော ဘေးမှာ ရှိတာမေ့နေတာ.. ရိကောက သူနဲ့ဆန့်ကျင်ဘက် တော်တော်လေး
အနေအေးတယ်ဆိုရမယ် သူ့ဘာသာသူ
အေးရာအေးကြောင်းလေး နေနေတတ်တယ်.. အခုလဲ သူသာ တစ်ခွက်ပြီး တစ်ခွက်ကုန်သွားတယ် ရိကောက ဖန်ခွက်တစ်၀က်
မကျိုးသေးဘူး ။"ဘာလဲ ကျနော့်ကို စိတ်ပူလို့လား !?"
"နည်းနည်းပါ... ငါ လေညှင်းသွားခံလိုက်
အုန်းမယ်"ရှန့်ရိပြောလဲပြောနေရာကနေ ထသွားလိုက်တယ် ။ သူဒီလို ဆူညံပြီး လူရှုပ်တဲ့နေရာမျိုးတွေ သိပ်မကြိုက်ဘူး ။ အခုက သူတို့ show လုပ်တဲ့ ပတ်၀န်းကျင်မှာပဲ နောက်ဆုံးညကို အတူတူသောက်စား နေကြတာဖြစ်တယ် ။ ပွဲလုပ်တဲ့နေရာက ကမ်းခြေနဲ့နီးတာကြောင့် သူ ကမ်းခြေမှာ လေညင်းခံရင်း ညအလှမှာ
ခနတာ စီးမြောနေလိုက်တယ် ။ ခုနက
စိတ်ကျဉ်းကျပ်တာတွေက ပင်လယ်ရေနဲ့အတူ ပါသွားသယောင် သူ့စိတ်အစဉ်က ကြည်လင်လာတယ် ။"အေးတယ် ခြုံထား "
ရုတ်တရက် ပုခုံးပေါ်ကို လာတင်ပေးတဲ့ အ၀တ်ကြောင့် နောက်လှည့်ကြည့်လိုက်ရင်း...
"ဘာလို့ထွက်လိုက်လာတာလဲ"
"နည်းနည်းပျင်းလာလို့ ... ပင်ပန်းလား "
"ဟင်!? "
"အနုပညာလောကမှာ ရှင်သန်ရတာ ပင်ပန်းလား"
အဆက်အစပ်မရှိမေးခွန်းကြောင့် ရှန့်ရိ နှုတ်ခမ်းကွေးရုံလေး အသံထွက်တစ်ချက်ပြုံးလိုက်ရင်း ...
"မင်း ကိုယ်တိုင်လဲ အနုပညာရှင် တစ်ယောက်ပဲ ဒီမေးခွန်းက ငါဖြေပေးဖို့လိုအပ်သေးလို့လား"
YOU ARE READING
A poem title "You"
Fanfictionအနုပညာရှင်နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နှင့် Fangirl လေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး အစရှိတဲ့ အချစ်ဇာတ်လမ်းလေးနှစ်ခုရဲ့အကြောင်းကိုရေးဖွဲ့ထားတဲ့ "မင်းလို့အမည်ရတဲ့ ကဗျာလေး" ဇာတ်အိမ်သည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက် fanfic တစ်ပုဒ်ဖြစ်ပါသည်။ #BL #fa...