ဆိုအာ သူ့ရှေ့က စင်ပေါ်က ken ကို ကြည့်ရင်း
ပျော်နေမိတယ် ။ အခုလို ပြင်ဆင်ထားတဲ့ Ken က တကယ်ချောတယ် ။ သူ့စိတ်ကူးထဲက ကောင်လေးတစ်ယောက်ရဲ့ပုံစံအတိုင်းပဲ ။ ပရိတ်သတ်တွေရဲ့ အားပေးသံတွေထဲမှာ သူ့ရဲ့ အားပေးသံတွေလဲပါနေခဲ့တယ် ။Ken စင်ပေါ်ကနေ မသိမသာ ကြည့်မိတဲ့ သူမ မျက်နှာလေးကြောင့် ရင်တွေခုန်မိနေတဲ့ အပြင် ပျော်နေခဲ့တယ် ။ သူ့ကို ပြုံးပြီး
ကြည့်နေတဲ့ သူမမျက်နှာလေးက သူ့အတွက် အဖိုးတန်ဆုံးပဲ ။ ခနကြာတော့ fan sign ရောက်လာတော့ သူမ သူ့ဆီက လက်မှတ်လာထိုးခံတော့ သူ စိတ်ထဲ ကြိတ်ပျော်နေမိပြန်တယ် ။ အချိန်ကာလ တစ်ခုနီးပါး
သိကျွမ်းနေခဲ့တာတောင် ပရိသတ်တစ်ယောက်ရဲ့တာ၀န်က မပျက်ကွက်ခဲ့ဘူး ။ခနကြာတော့ တံခါးဖွင့်သံနဲ့ အသံ ဟိုတယ်ခန်းထဲကို Ken ၀င်လာတာတွေ့လိုက်တယ် ။
"ပြန်ရောက်လာပြီပဲ ဒါနဲ့ အ၀တ်အစားက ဒီပုံစံအတိုင်းပဲလား "
စင်ပေါ်ကဆင်းလာတဲ့အတိုင်း အခန်းထဲ
၀င်လာတော့ ဆိုအာ အံ့ဩပြီး မေးခြင်းပင်ဖြစ်တယ် ။"မင်းကို ဆွဲဆောင်မလို့လေ မင်းက ငါ့ရဲ့ ဒီလိုပုံစံကို ကြိုက်တာမလား "
သူ့စကားကြောင့် သူမ ရယ်ရင်း ခေါင်းငြိမ့်ပြတယ်။
"ငါ့ရဲ့ Ken လေးက ချောလိုက်တာ ဒီလောက်ချောတဲ့ Cosplayer လေးရဲ့ ရင်ခွင်ထဲနေရရင် ဘယ်လောက်ကောင်းမလဲ "
သူမ စကားကြောင့် သူမဆီ လှမ်းသွားလိုက်ပြီးရင်ခွင်ထဲ ထည့်တော့ သူမ ဆီက ပြန်လည်ပွေ့ဖက်ခြင်း ခံရတယ်။ သူမကိုယ်လေးကို တင်းတင်း ကြပ်ကြပ်ပွေ့ဖက်ရင်း သူမ ရေမွှေးနံ့လေးတွေအောက်မှာ သူ ပျော်မွေ့နေမိတယ် ။ လူချင်းခွာလိုက်ပြီး သူမ နှုတ်ခမ်းတွေကို နမ်းဖို့အလုပ် နီးကပ်လာတဲ့
အကွာအဝေးတစ်ခုမှာ သူမဆီက
ခပ်ဖွဖွ တွန်းထုတ်ခြင်းခံလိုက်ရတော့ အောင့်သက်သက်ခံစားချက်က အလိုလိုဖြစ်လာခဲ့တယ် ။"Ken!! ငါမရဘူး "
"ဘာလို့လဲ ငါက မိန်းကလေးဖြစ်နေလို့လား "
"Ken ငါ LGBT ကို ထောက်ခံတယ် ။ BL တွေကြည့်ရတာလဲ ကြိုက်တယ် Bromance တွေဆိုလဲကြိုက်တယ် GL တွေကြည့်ရတာလဲ ကြိုက်တယ်..ကောင်လေးအချင်းချင်းကိုလဲ Chemi မိတယ်ထင်ရင် ငါသဘောတူတယ် ။
ဒါပေမယ့် အဲ့တာတွေကြောင့် ငါကိုယ်တိုင် မိန်းကလေးတစ်ယောက်ကို ကြိုက်မယ်
မဆိုလိုဘူး ။ တကယ်တောင်းပန်ပါပေမယ့် Ken က မိန်းကလေးဆိုတဲ့ အသိကို
ဖျောက်လို့မရဘူး "
YOU ARE READING
A poem title "You"
Fanfictionအနုပညာရှင်နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နှင့် Fangirl လေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး အစရှိတဲ့ အချစ်ဇာတ်လမ်းလေးနှစ်ခုရဲ့အကြောင်းကိုရေးဖွဲ့ထားတဲ့ "မင်းလို့အမည်ရတဲ့ ကဗျာလေး" ဇာတ်အိမ်သည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက် fanfic တစ်ပုဒ်ဖြစ်ပါသည်။ #BL #fa...