Episode _03

123 15 4
                                    


" ပင်းပင်း မင်း ဒီသတင်းတွေ့ပြီးပြီလား ဘယ်ကလဲ ဘယ်တုန်းကလဲ ငါသေချင်လာပြီ "

ယွိဖေးတစ်ယောက် ဒီနေ့ Weibo မှာတက်လာတဲ့သတင်းကြောင့် ခေါင်းနပန်းကြီးနေတာပဲဖြစ်တယ် ။ အေဂျင်စီဆီကလဲ အဆက်မပြတ်ခေါ်နေတဲ့ဖုန်းတွေနဲ့ ‌မီဒီယာတွေဆီက ခေါ်နေတဲ့ဖုန်းတွေကြောင့်
လူက ကြောင်တောင်တောင် တောင်ဖြစ်ချင်နေပြီ ။

Joseph လဲ အဲ့လောက်ပြာယာခတ်နေတဲ့
ယွိဖေးကို ကြည့်ပြီး သူ့လက်ထဲလာထည့်ပေးတဲ့ ဖုန်းကို ကြည့်လိုက်တော့ မိန်းကလေး
တစ်ယောက်နဲ့ အတူအိပ်ခဲ့တဲ့ သူပုံတွေ ။ ကောင်မလေးရဲ့ မျက်နှာကို blur လုပ်ထား
ပေမယ့် သူ့မျက်နှာက အတိုင်းသား ။
သေလိုက်ပါတော့~ ပုံတစ်ချို့ရဲ့ အ၀တ်အစားအရ အဲ့နေ့ကပဲဖြစ်မယ်ဆိုတာ သိလိုက်တယ် ။

ထောင်းကနဲ ထွက်လာတဲ့ ဒေါ‌သကြောင့် လက်ထဲကဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ခံပြင်းချက်ကြောင့် တောက်တစ်ချက်ခေါက်ရင်း ~~

"ဒါသက်သက် အကွက်ချခံရတာ "

ယွိဖေးနဲ့ အတူ ကုမဏီကိုရောက်လာတော့
ကုမဏီရှေ့မှာ စောင့်နေတဲ့ media တွေအပြည့်

"ဒါ ဘယ်လိုဖြစ်ရတာလဲ Joseph "

"မြင်တဲ့အတိုင်းပဲလေ သက်သက်မဲ့ အကွက်ချခံရတာ အဲ့နေ့က ကျနော့် သူငယ်ချင်းနဲ့ သွားသောက်ရင်း အပြန်မှာ ဖြစ်တာဖြစ်မယ် ဒါနဲ့ အဲ့နေ့က ယွိကော
ကျနော့်ကို လာခေါ်တယ် မဟုတ်ဘူးလား "

သူစိတ်ထဲမှာ ထင်နေတာ မမှားဘူးလို့
ယူဆတယ်။ အဲ့နေ့က သေချာတယ်
သူကိုယ်တိုင်တောင် ကားနံပါတ်ကိုသေချာစစ်ခဲ့သေးတာ ဒါမှမဟုတ် သူပဲ ကားမှားတက်ခဲ့တာလား ။ သေချာပြန်စဉ်းစားကြည့်ပေမယ့် ဘယ်လိုမှ သေချာပုံဖော်မရ ဝေဝါးနေတဲ့ မှတ်ဉာဏ်တွေက ဒေါသထွက်ချင်စရာ ။

" ဒါ ဘယ်နေ့ကလဲ "

"×××လပိုင်း ×××ရက်က "

"အဲ့နေ့က ငါကုမဏီမှာရှိနေခဲ့တာ မင်းဆီ
မလာခဲ့ဘူး မင်းကိုယ်တိုင် Taxi နဲ့ကုမဏီရှေ့ကို ရောက်လာလို့ ငါထွက်ခေါ်ခဲ့တာလေ "

"စာပို့ထားတယ်လေ လာခေါ်ဖို့ ဘားကို
လာခေါ်တာ မဟုတ်ဘူးလား "

A poem title "You" Where stories live. Discover now