Joseph ဆေးခွင့်ယူထားပြီး 2 လကြာတော့ ရိုက်ကူးရေးပြန်စပေမယ့် အရင်လို ရှန့်ရိနဲ့ ဆက်ဆံရေးမျိုးမဟုတ်တော့ဘူး သူ့အနေနဲ့ အကွာအဝေးတစ်ခုယူပြီး သူ့စိတ်ကို
သိချင်တာလဲပါတဲ့အတွက် အခုလိုခပ်ခွာခွာနေလိုက်ခြင်းဖြစ်တယ် ။
ရိကောက အစထဲက အနေအေးတဲ့ သူ
မလို့ သူ့ဘက်က ခပ်တန်းတန်းနေတာကို
ဘာမှ အတင်းလိုက်ပြီး ရောခြင်းမရှိပေမယ့် ရိကောရဲ့အကြည့်နဲ့ အပြုအမူ တစ်ချို့မှာတော့ နွေးထွေးမှု့လေးတွေနဲ့ သူနဲ့ ခင်မင်ချင်တဲ့အပြုအမူလေးတွေ တွေ့ရတော့
စိတ်ထဲကျေနပ်မိတယ် ။ရိကော ဘက်က နည်းနည်းလေးသာ ရှေ့ဆက်တိုးမယ်ဆိုရင် သူ ရိကော အပေါ်ထားတဲ့ ခံစားချက်တွေက ပိုသေချာလာမယ်ထင်တယ် ။ ဒါပေမယ့် အဲ့ ခံစားချက်တွေကို လက်ခံဖို့လဲ သူအခုထိ သတ္တိမရှိသေးဘူး
ဆိုရမယ် ။ လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်လမ်းကလဲ bromance လိုခေါင်းစဉ်ယူထားတဲ့ BL ကျောရိုးယူထားတဲ့ ဇာတ်ဖြစ်လို့ ဇာတ်လမ်းရိုက်ကူးနေတဲ့အချိန်တွေမှာ နီးစပ်မှု့တွေက
သူ့ရဲ့ ရင်ခုန်သံတွေကို ပိုလို့တိုးစေခဲ့တယ် ။---------------------------------------------
ရှန်ရိ ခပ်ဝေးဝေးမှာ ရပ်နေတဲ့ Joseph ဆီ ဖြည်းဖြည်းချင်းလျှောက်သွားနေမိတယ် ။
အကွာအဝေးတစ်ခုမှာ ရပ်လိုက်ရင်း ဂျိုးဇက်
ငေးနေတဲ့ ရေကန်ကို တစ်ချက်ငေးပြီး
ဂျိုးဇက် မျက်နှာကို လှည့်ကြည့်ရင်း"ဘာလိုလိုနဲ့ ငါတို့ရဲ့ ရိုက်ကူးရေးတောင်
ပြီးတော့မယ်နော် ""အင်း"
"အဲ့လိုမျိုးရှိတယ်မလား ငါတို့ကားကို လွှင့်တဲ့အခါ ကြည့်ရှု့ဖို့ စာရင်းသွင်းတဲ့ သူ တစ်သန်းပြည့်ရင် ဘာလုပ်ပြမယ်တို့ ဘာတို့ မင်းကော စဉ်းစားထားတာရှိလား "
"ထွေထွေထူးထူး စဉ်းစားထားတာတော့
မရှိသေးပါဘူး ရိကော ကကော ဘာလုပ်
ပြမယ်စဉ်းစားထားလဲ "အခုထိ သူ့ဘက်ကို မလှည့်သေးပဲ ပြောနေတဲ့
Joseph .." ငါက ဘာဖြစ်ဖြစ်ရပါတယ် အဲ့လိုမျိုးတွေ
သိပ်မစဉ်းစားတတ်တော့ မင်း စဉ်းစားမိတာမျိုးရှိလာရင် ငါ့ကိုပြောလေ "
YOU ARE READING
A poem title "You"
Fanfictionအနုပညာရှင်နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နှင့် Fangirl လေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး အစရှိတဲ့ အချစ်ဇာတ်လမ်းလေးနှစ်ခုရဲ့အကြောင်းကိုရေးဖွဲ့ထားတဲ့ "မင်းလို့အမည်ရတဲ့ ကဗျာလေး" ဇာတ်အိမ်သည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက် fanfic တစ်ပုဒ်ဖြစ်ပါသည်။ #BL #fa...