အားရူးတော့မယ်!!ခက်လိုက်တာ..။
"အဟမ်း!"
အေ ဖြစ်မလား?
"အဟမ်းအဟမ်း"
ဒါမှမဟုတ် အဖြေက ဒီ လား?
"နီရှီမူရာ!!"
"ဗျာဆရာမ!?!"
"စာရွက်ပေးတော့"
"ဒါပေမဲ့ ဆရာမဒီတစ်ခုပဲကျန်ပါတော့တယ် ဒီတစ်ခေါက်ပဲလေ နော်"
"နင်နှစ်စကတည်းကအဲ့လိုပြောလားတာ အခုတော်သင့်ပြီ ပေးတော့အဲ့စာရွက်"
"ဟုတ်.."
ကောင်းရော ဟျောင်းဆူတော့မှာပဲ..။
နီခီ ကောင်းကင်ကိုကြည့်တစ်ချက်လောက်သက်ပြင်းချက်လိုက်မိသည်။ဒီတစ်ခေါက်တော့အမှတ်ကောင်းကောင်းရပါစေလို့သာစုထောင်းရတော့သည်။နီခီက ကျမှာကိုမဆိုးရိမ်ဘူး တစ်စုံတစ်ယောက်ရဲ့ နားသွင်းမှုကြောင့် ညလုံးပေါက်စာထိုင်လုပ်ပြီး အတန်းတွေလည်းမြန်အောင်တက်နေရတာ..။ဒီတစ်ခါက်မှကောင်းကောင်းမရရင်လဲ သေသွားတာဖို့ပဲရှိေတာ့သည်။
"အာ ဟျောင်းကိုဘယ်လိုပြောရမလဲ"ဒါမဲ့ အဲ့တာကိုခဏထားလိုက်သည်။
ရလပ်မှမထွက်သေးတာ အတွေးမလွန်နဲ့နီခီ။
"နီခီ ရားး"
"အို ဟျောင်း"
――――――――――――――――――
ကျောင်း၀န်းထဲမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ပေါ်တဲ့နေရာပေါ့။တစ်ချို့ကျောင်းသားတွေကပျော်နေပြီး တစ်ချို့ အဲ့တာကိုသိပ်သဘောမတူချင်..။အေးလေ နားလည်ပေးနိုင်ပါသည်။ဒီနေ့က စာမေးပွဲ ဖြေတဲ့ရက်လေ တစ်ချို့က အကုန်ရတယ် ဆိုပြီး စာမေးပွဲခန်းထဲကို သတ္တိ ရှိရှိနဲ့ ၀င်သွားကြတာ။အဲ့လိုအများစုကတော့ စာတော်တဲ့သူတွေပါ။တစ်ချို့က ညကစာမကျက်ပဲ ဖင်ရားပြီး တစ်ခြားဟာတွေသွားလုပ်နေကြတဲ့သူတွေလဲရှိပါသေးတယ်။ပြီးတော့အဲ့မှာနီခီ..။ နီခီက အဲ့ကြားထဲမှာ ညပ် နေသူပါ။ဘယ်လိုလဲဆိုတော့ သူ့ ခရက်ရှ် က စာကြိုးစားပြီး အမှတ်ကောင်းကောင်းရအောင်လုပ်ဖို့ပြောလို့ညလုံးပေါက်စာထိုင်ကျက်ပြီး စာမေးပွဲခန်းထဲ၀င်သွားလိုက်တာပါ။နောက်ဆုံးမေးခွန်းတစ်ပိုဒ်ပဲကျန်တော့တဲ့အချိန်မှာ ဆရာမကရောက်လာတယ်။ကောင်းရော..