"ဟျောင်း စောင့်ဦးလို့"
"လာပါ မင်းကလည်း"
"ဟျောင်းဖြေးဖြေးသွားလို့မရဘူးလား"
"မရဘူး အမြန်သွားရမယ်"
"မဟုတ်ရင် သူများတွေနေရာဦးသွားလိမ့်မယ်""မဦးပါဘူး"
"ဦးသွားပြီ"
"တွေ့လားငါပြောသားပဲ"ဆောနူကဘေးကသူ့ထက်အရပ်ရှည်တဲ့ ကောင်လေး ကိုတစ်ချက်ပြန်ရိုက်ရသည်။ဆောနူကအကြိမ်ကြိမ်ပြောရဲ့သားနဲ့ နီခီလုပ်လို့ တစ်ခြားသူတွေကသူတို့နေရာကို နေရာဦး သွားပြီ။
သူတို့ပဲနောက်ကျသွာတာလား ဒါမှမဟုတ် တခြားသူတွေပဲ စောစောရောက်နေကြတာလားလို့တောင် ဆောနူစဉ်းစားရသေး၏။ဘာပဲဖြစ်ဖြစ် အခုသူတို့ထိုင်နေကြနေရာကိုဦးသွားကြပြီ ဆိုတော့ တခြားနေရာ လိုက်ရှာ ရတော့မယ်။ဒါမဲ့ ပန်းခြံထဲမှာ သူတို့ထိုင်စရာဆိုလို့ အဲ့ ခုံပဲ ရှိပြီး တခြားသူတွေက ထိုင်နေကြ၏။'ကောင်းရော'လို့ ဆောနူတွေးပြီး လွယ်အိတ်ထဲကိုတစ်ခုတစ်ခုလိုက်ရှာသည်။နီခီက သိချင်လို့
"ဟျောင်းဘာရှာနေတာလဲ"
လို့မေးလိုက်သည်။
"အာ အခင်း"
"အခင်း?"
"အင်း အခင်း ခုံမှာမထိုင်ရရင် ဟိုမှာသစ်ပင်အောက်မှာ ခင်းထိုင်လို့ရတယ်လေ"
"ဪ"
"အိုကေတွေ့ပြီ"ဆောနူက သူဘယ်တုံးထည့်မှန်းမသိလိုက်တဲ့ အခင်းကိုယူပြီး သစ်ပင်အောက်တွင် ခင်းရင်း လဲအိပ်လိုက်သည်။နီခီကတော့လွယ်အိတ်ချပြီး ဆောနူဘေးမှာ ဒူးကွေးပြီးထိုင်လိုက်သည်။
"နီခီ"
"အင်း ဟျောင်း"
"ခြေထောက်ဆန့်ပေး"
"အင်?"
"ဘာလို့လဲ"
"ဘာလုပ်ရမှာလဲ ငါခေါင်းအုံးဖို့ပေါ့"
ဆောနူက ရုတ်တရက်ကြီးပြောလို့ နီခီကြောင့်သွားပေမဲ့ သူပြောတဲ့အတိုင်းလုပ်လိုက်ပါသည်။အခုဆောနူကတော့ နီခီပေါင်ပေါ်ခေါင်းတင်၍အိပ်နေပြီး နီခီက တော့လက်တစ်ဖက်က ပန်းတစ်ပွင့်နဲ့နောက်တစ်ဖက်က ဆောနူဆံပင်ကိုလိုက် ကစားနေ၏။ဆောနူကအိပ်ပျော်နေပြီမို့သူသိမှာမဟုတ်ပါဘူး။
"ဟျောင်းကချစ်ဖို့ကောင်းလိုက်တာ"နီခီအဲ့စကားကိုအပြင်မှာထုတ်ပြောမိသွားသည်။
ဟျောင်းကိုကြားစေချင်သလိုမကြားစေချင်ဘူး...။
"ဘာပြောလိုက်တာလဲ"
"ဘာ...ဘာမှမဟုတ်ပါဘူး"
ဟျောင်းမကြားရင်ပိုကောင်းပါတယ်...။
🦋🦋🦋
အတိုလေးပဲ 🤓
တောင်းပန်ပါသည်။