To KimSunoo
ဘယ်သူပါလိမ့်?
ထူးဆန်းလိုက်တာ..။
အာ နားမလည်လို့လား ကျွန်တော်ရှင်းပြမယ်။ဒီလူထူးဆန်းက ကျွန်တော့် ခုံမှာပဲဖြစ်ဖြစ် locker ပဲဖြစ်ဖြစ် အမြဲလက်ဆောင်တွေလာထားတက်တယ်။အစကတော့ လက်ဆောင်တွေရလို့ပျော်ပေမဲ့ တစ်ခါတစ်လေ အားနာလာပြီး ဘယ်သူက ဒါတွေပို့နေတာလဲသိချင်မိတယ်။
အဲ့လူကိုသိဖို့နည်းအမျိုးဆုံးအောင်ကြိုးစားခဲ့ဖူးတယ်။အဲ့တာလဲအကူအညီမရဘူး။သူပို့တာလဲ ကျွန်တော့်အကြိုက်တွေပဲပို့ဖြစ်တယ်။တစ်ခါတစ်လေ ကျွန်တော်ကြိုက်တဲ့ ရေမွေး တစ်ခါတစ်လေ ကျွန်တော်ကြိုက်တဲ့အစားစာတွေကိုပို့တတ်တယ်။
ဒါတောင်ကျောင်းမှာမို့တော်သေးတယ်။အိမ်ထိပါလိုက်ပို့ရင် အမေက မေးဖို့မေးခွန်းမျိုးစုံပြင်ထားလောက်ပြီ။
ဒီတစ်ခါတော့ အိတ်ထဲမှာ ကင်မရာတစ်လုံးနဲ့ စာလဲရေးထားသေးတယ်။အဲ့တာလည်းထူးဆန်းပြန်တယ်။ကျွန်တော် က ကင်မရာတစ်လုံးလိုချင်တာ သူဘယ်လိုသိလဲ။အဲ့ကြောင်းကိုပြောဖူးတာဆိုလို့ နီခီနဲ့ဆောင်းဟွန်း ဟျောင်းပဲရှိတယ်။ပြီးတော့ စာတစ်စောင်လည်းပါတယ်။ဒါကိုနောက်မှပဲဖတ်တော့မယ်။
ကျွန်တော်က လက်ဆောင်တွေအမြဲရပေမဲ့ အားလုံးက ကျွန်တော့်ရှေ့ ပေါ်တင် လာပေးကြတာလေ။ဒီတစ်ခုကြ ဘာလို့ သူ့ကိုသူမပြရဲရတာလဲမသိ။ကြောက်တာလား..?
"ဆောနူရား"
"အွန်း ဆောင်းဟွန်းဟျောင်း"
"ဒါကဘာလဲ"
"အာ မသိပါဘူး လူတစ်ယောက်ကကျွန်တော်ကိုလက်ဆောင်တွေခဏခဏ လက်ဆောင်တွေပေးနေတယ် ဘယ်သူလဲဆိုတာမသိလို့ ခတ်နေတယ်"
"ဪ"
"အင်?ကင်မရာတစ်လုံးပဲ မင်းဟိုတလောကလိုချင်တယ်လို့မပြောဖူးလား"ဆောင်ဟွန်းက ကင်မရာကိုအသေးစိတ်လိုက်ကြည့်ပြီးမေးတယ်။
"အင်း ကျွန်တော် အဲ့တာလိုချင်တာဟျောင်းရယ် နီခီရယ်ပဲရှိတယ်"
"ဒီမှာကြည့် ဒီနေရာမှာ Sလို့ထိုးထားတယ်"
ဟုတ်တယ် အဲ့တာလဲပြောဖို့မေ့တော့မို့ သူပေးပစ္စည်းမှာ တစ်နေနေရာမှာ တော့ ကျွန်တော့် နာမည်ကိုထိုးထားတတ်တယ်။သေးရင် တစ်လုံးပဲထိုးပြီး ကြီးရင် နာမည်အပြည့်အစုံထိုးပေးတယ်။ဘာကြောင့်လဲ?