အားး ပျင်းဖို့ကောင်းလိုက်တာ!!
နီခီ့ အခြေအနေမှာတော့ ကျောင်းခန်းထဲမှာမနေတတ်မထိုင်တဲ့ဖြစ်နေတယ်။
ဆရာမက စာသင်နေပင်မဲ့ သူ့နားထဲကိုလည်း တစ်လုံးမှမ၀င်ဘူး။
နေ့လယ်စာအချိန်ရောက်ဖို့ နာရီလက်တန် မြန်မြန် ရွေ့ပါစေလို့သာ စုတောင်းနေတယ်။အား မတွေ့ရရင်ရူးတော့မယ်..။
Time skip: Lunch Time
“ဆောနူး ဟျောင်း ခ-ခဏ"
“အင်? နီခီ"
“တူတူသွားမယ်လေ"
“ရတယ်လေ"
“အင်း"
လမ်းတစ်၀က်မှာ ဆောနူး မနေ့ကမေးမဲ့
မေးခွန်းကိုသူပြန်မှတ်မိလိုက်တယ်။“အာ ဒါနဲ့ နီခီ ကင်မရာကလေ.."
“အမ် ကင်မရာက ဘာဖြစ်လို့လဲ
ပျက်နေလို့လား အသစ်၀ယ်ပေးမယ်-"“မဟုတ်ဘူး မဟုတ်ဘူး။ကင်မရာက ရတယ် ဟိုဟာ.."
အဲ့အချိန် ဆောနူးတွေးမိတယ်။
သူမဟုတ်ရင်ကော်?
သူဟုတ်နေရင်ကော်?
ဟုတ်ရင် ထပ်လိမ်လောက်တယ်။
ငါတို့နှစ်ယောက် အကြား သူငယ်ချင်း ဆက်ဆံရေးလဲ ထိခိုက်စေနိုင်တယ်။
မမေးဘဲနဲ့နေကြရအောင်...။“ဟျောင်း ဘယ်ဟာလဲဟင်?"
“ဘ-ဘာ မှမဟုတ်တော့ဘူး နီခီ"
“ဟာ ဟျောင်းကလဲ ပြောလဲ ရပါတယ်"
မဖြစ်ဘူး ပြောလို့မဖြစ်ဘူး!!
“ဟျောင်း?"
မပြောနဲ့နော် ကင်မ်ဆောနူး!!
“ဟျောင်း! ဟျောင်း! ပြောအုံးလေ"
ကင်မ်ဆောနူး အသိစိတ်ထိန်းထား!
“ဟျောင်း!!"
“အော် အမ် ဘာလဲ နီခီ"
“ဟျောင်းပဲမေးစရာရှိတယ်ဆို"
"ဘယ်ကမ္ဘာရောက်သွားတာလဲ"
"မဟုတ်တော့ပါဘူး ထားလိုက်ထားလိုက်"
အဲ့လိုနဲ့ ဆောနူးလည်း နီခီ ထက်ကျော်ပြီး သူ့အရှေ့ကနေ ခြေလမ်းတစ်လမ်းပိုပြီး ဆက်လျှောက်နေခဲ့တယ်။