အပိုင်း (1)

445 28 48
                                    

Unicode

အချစ်ဦးဆိုတာ နွေဦးရာသီလိုပါပဲ သူ့အကြောင်း တွေးလိုက်တဲ့အချိန်တိုင်းမှာ သစ်လွင်လှပတယ် ပြီးတော့ လွမ်းမောဖွယ်ရာလည်း ကောင်းပြန်တယ် .....

--------------------

"ဝမ်ကျိဟောက် ..... ဝမ်ကျိဟောက် ......."

ကျန်းဟာအိုရဲ့ ဘေးပတ်ပတ်လည်က လူတွေအားလုံး အနိုင်ရသွားသူ သူငယ်ချင်းဝမ်ကျိဟောက်ကို တခဲနက်အားပေးကြပေမယ့်လည်း ကျန်းဟာအိုရဲ့ စိတ်အာရုံတွေကတော့ ရှုံးသွားတဲ့ ကရာတေးအားကစားသမားဆီမှာ .......
အနောက်တိုင်းစပ်သလို မျက်နှာကျမျိုးနဲ့ ထိုလူက အတော့်ကို ချောသည့်သူ ချွေးတွေထွက်ပြီး ရှုံးသွားလို့ စိတ်ဓာတ်ကျနေတဲ့ အချိန်မျိုးမှာတောင် အဲဒီလူက ဆွဲဆောင်မှုရှိနေတုန်းပဲ
သူဘယ်လောက်တောင် စိုက်ကြည့်နေမိလည်းမသိ ထိုလူက များပြားလှတဲ့ ပရိတ်သတ်ကြားထဲက ကျန်းဟာအိုကို သတိထားမိပြီး ပြုံးပြသွားခဲ့သည်။ ထိုအခိုက်အတန့်ကြောင့် ကျန်းဟာအိုတယောက် ဘယ်လောက်ရူးသွပ်သွားလဲဆို တက္ကသိုလ်ကို ကိုရီးယားက ထိုလူတက်တဲ့ကျောင်းမှာ လာတက်ရတဲ့အထိပါပဲ .......

"ကျန်းဟာအိုတို့ ဘဲမွှန်တာတော့ စည်းလွတ်ဝါးလွတ်ပါလား ..... ဟိုတယောက်ကဖြင့် မင်းကိုရှိလို့ရှိမှန်းတောင် မသိဘူးကို...."

တရုတ်မှာကျန်ခဲ့သည့် သူငယ်ချင်းလေးရူအီက ဖုန်းဆက်ပြီး ဆူဆဲနေသည့်တိုင် ကျန်းဟာအိုတို့က တဟီးဟီးနဲ့ပဲ သူချစ်သော ကင်ဂျီဝုန်ရှိ‌သည့် ကကြီးမြေပေါ်ခြေချလိုက်တည်းက နတ်သူငယ်မြှူထားသလို အားနေအူရွှင်နေတာ ဒါတောင် လူကို မတွေ့ရသေးဘူး IG ပဲ ဝင်ဝင်ကြည့်နေရတဲ့အဆင့်

"ရူအီကလည်း အဲလိုမပြောပါနဲ့ အခုသူငါ့ကို မသိသေးပေမယ့် မကြာခင် သိတော့မှာလေ .... ငါ သူရှိတဲ့နေရာရောက်လာပြီ ..... မင်းသူငယ်ချင်းလေးက သာမန်ညောင်ညရုပ်ရည်မှမဟုတ်ပဲ တွေ့တာနဲ့ သူလည်းငါ့ကိုကြိုက်မှာပဲ မကြိုက်ကြိုက်အောင်လည်း ငါက ဆွဲဆောင်ပစ်အုံးမှာ ဟိ"

"တယ် ဒီဆေးမမှီတဲ့ အရူးကတော့..."

"နောက်မှဆဲ ငါဖုန်းချပြီ ငါစီးရမယ့် လိုင်းကားလာပြီဟ"

A Summer StoryDonde viven las historias. Descúbrelo ahora