Unicode
ဆောင်းဟန်ဘင်းက နေမင်းကြီးဆို ဆော့မက်ခြူးကတော့ မိုးလင်းကနေမိုးချုပ် နေမင်းကြီးကို မျက်နှာမူနေရတဲ့ နေကြာပန်းလေးလိုပါပဲ.....
နေမင်းကြီးကတော့ သတိမထားမိပေမယ့်ပေါ့လာမယ့် ဇွန်လဆို ၆ နှစ်
ဆောင်းဟန်ဘင်းတို့ရဲ့ ဘေးအိမ်ကို မက်ခြူးတို့မိသားစု စပြောင်းလာတည်းကဖြစ်မည်။ မက်ခြူးသွားပေးသော ဆန်မုန့်မကောင်းမကန်းလေးကို ဘယ်အိမ်ကမှ လက်မခံပေမယ့် ဆောင်းဟန်ဘင်းကတော့ ကျေးဇူးတင်စွာ လက်ခံထားရုံမက သူ့ရှေ့မှာပင် မြိန်ရေယှက်ရေစားပြလိုက်သေး
ဒီရုပ်ချောတဲ့အစ်ကိုကြီးက သဘောကောင်းလိုက်တာဆိုပြီး ဆော့မက်ခြူးတယောက်ပစ်ကြွေသွားတာများ
နောက်မှ အကြောင်းရင်းကိုသိသည်။"အဲ့မတိုင်ခင် တပတ်လောက်က ရပ်ကွက်ထဲက အိမ်တအိမ်မှာ ကြောက်စရာကောင်းတဲ့ လူသတ်မှုတစ်မှု ဖြစ်ထားတာလေ ..... သရဲတွေဘာတွေခြောက်တယ် သတင်းထွက်လာတော့ ရပ်ကွက်လူကြီးတို့က နတ်ဆရာဆီ ဗေဒင်မေးကြတာမှာ တပတ်တိတိ ဆန်မုန့်ရှောင်ဆိုပြီး ဟောလိုက်လို့ .... မက်ခြူးတို့ ပြောင်းလာပြီး ဆန်မုန့်ဝေတော့ ဘယ်အိမ်မှ လက်မခံရဲတာတဲ့ ...... သူတို့လည်း ပြောပြဖို့လုပ်ပါသေးတယ် မက်ခြူးတို့တအိမ်လုံးက အဲ့တုန်းက ကိုရီးယားစကားလည်း မတတ်ကြတော့ ဘယ်လိုပြောပြရမှန်း မသိကြတာ .....
ကိုယ်ကတော့ လူငယ်ပီပီ ဒါမျိုးတွေ မယုံပါဘူး အဲ့နေ့က ဗိုက်ကလည်း အရမ်းဆာနေတာနဲ့""အော်....."
ခုမှတော့ဖြင့် မရတော့ပေ။ အချစ်စိတ်ဟူသည် ဆံပင်ဖြူလို နှုတ်ချင်တိုင်းနှုတ်လို့ရတာမျိုးမဟုတ်ပါချေ။ ဆောင်းဟန်ဘင်းက သဘောကောင်းကောင်း မကောင်းကောင်း သူတကယ်ကို ချစ်မိသွားခဲ့ပြီ။
---------------
အစ်ကိုဟန်ဘင်းက ငါနဲ့ဒိတ်ဖို့ ချိန်းတယ် .....
အစ်ကိုဟန်ဘင်းက ငါနဲ့ဒိတ်ဖို့ ချိန်းတယ် .....
အစ်ကိုဟန်ဘင်းက ငါနဲ့ဒိတ်ဖို့ ချိန်းတယ် .....
ဆော့မက်ခြူးဟာ ရင်အခုန်လွန်ပြီး ကမ္ဘာကြီးတခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရသောကြောင့် တဖက်က ဖုန်းချသွားတာတောင် ဖုန်းကိုင်ပြီး တောင့်တောင့်ကြီး ဖြစ်နေတုန်းပဲ .....
ဘေးနှစ်ဖက်မှာထိုင်တဲ့ ကျန်းဟာအိုနဲ့ ကင်ထယ်ရယ်တောင် မေးယူရတဲ့အထိ
STAI LEGGENDO
A Summer Story
Storie d'amoreZB1 အတွဲစုံပါမယ့် fic ပါ အစပိုင်း ပတ်ချာလည် တဖက်သတ်ကြိုက်ကြပါမယ် (Unicode/Zawgyi)