အပိုင်း (4)

184 20 62
                                    

Unicode

ဆော့မက်ခြူး ကြားကြားခြင်း အရမ်းအံ့ဩသွားသလို ကျန်းဟာအိုအတွက်လည်း အတော်လေး စိတ်မကောင်းဖြစ်မိသည်။ သူ့သူငယ်ချင်းက ဒီလူကိုတွေ့ဖို့ နိုင်ငံပါကူးလာရတာ မဟုတ်လား။ ဒီလူကတော့ဖြင့် စေ့စပ်ထားသူရှိနှင့်နေပြီ။
မဖြစ်ချေ ကျန်းဟာအိုကို စောစောစီးစီး အသိပေးပြီး ရှောင်ခိုင်းမှ တော်ကာကျမည်တွေးကာ ဖုန်းဆက်မည်ကြံကာမှ အစ်ကိုဟန်ဘင်းထံမှ msg ဝင်လာတော့သည်။

**မက်ခြူးရား အစ်ကို့ကို ဟာအိုနဲ့ အောင်သွယ်ပေးပါလား ...... ကိုယ့်မှာ စားလည်းဒီစိတ် သွားလည်းဒီစိတ် အိမ်သာတက်ရင်တောင် သူ့ဆီပဲစိတ်ကရောက်နေလို့ ဒီအစ်ကိုရဲ့ နှလုံးသားလေးကို ကယ်တင်ပေးပါအုံး**

ကိုယ့် crush ဆိုပေမယ့် အကဲပိုနေလို့ ဆော့မက်ခြူးဖြင့် ဆဲမိတော့မည်။

အေးလေ ... ကျန်းဟာအိုက လှတာပဲဟာ သူများ crush တောင် အပမှီသလိုဖြစ်အောင် ပြုစားနိုင်သေးတာ သူ့ crush ဆိုလည်း စေ့စပ်ထားတာပျက်အောင် လုနိုင်မယ့်ပုံပါပဲ

ထိုသို့တွေးလျှက် သူမပြောမိတော့ပါ
ကျန်းဟာအိုကတော့ ဘာမှမသိရှာ သူဝယ်လာသော ပင်လယ်စာခေါက်ဆွဲကို အရသာရှိရှိစားလို့ ........
ဆော့မက်ခြူးပင် တွေးလိုက်မိသည် ကင်ဂျီဝုန်၏ အမြင်မှာရော ကျန်းဟာအိုဟာ ဘယ်လိုလူမျိုးများ ဖြစ်နေမလဲ

------------------

ကားဒက်ဘုတ်ထဲတွင် သိမ်းဆည်းထားသော အညိုရောင်လက်ကိုင်ပဝါလေးကို ထုတ်ကြည့်ရင်း ကင်ဂျီဝုန်၏ အတွေးများမှာ လွန်ခဲ့သော 2 နှစ်ဆီသို့

"ပင်ပန်းသွားပြီ ဒါလေး ယူထားလိုက်နော်"

သူ့လက်ထဲကို အအေးဗူးနဲ့ ချွေးသုတ်ဖို့လက်ကိုင်ပဝါလာထည့်ပေးနေသော မျက်လုံးဝိုင်းဝိုင်းကောင်လေးကြောင့် ကင်ဂျီဝုန်မှာ လောလောလတ်လတ် ရှုံးနိမ့်ထားတဲ့ပြိုင်ပွဲကိုတောင် ခဏလောက် မေ့လျော့သွားခဲ့ပါသေးသည်။ သို့ပေမယ့် သာယာကြည်နူးနေ၍မဖြစ် လက်တွေ့ဘဝဆီ အမြန်ထွက်လာရသည်။
ထိုပြိုင်ပွဲမှာ သူ ကရာတေးအားကစားသမား အဖြစ်နေရသည့် နောက်ဆုံးပွဲဖြစ်သည်။ ကင်လုပ်ငန်းစု၏ မြေးတစ်ဦး ဖြစ်နေသောသူ့ကို မိဘများကလည်း အားကစားသမားဘဝထက် စီးပွားရေးကိုသာ လေ့လာစေလိုသည်။ အရင်ကတော့ နိုင်ငံ့ကိုယ်စားပြု ရွှေတံဆိပ်ဆုရှင်ဖြစ်နေသဖြင့် မကန့်ကွက်ကြသော်လည်း ခုတော့ ထိုသို့ မဟုတ်တော့ပြီ။ တရုတ်အားကစားသမားဝမ်ကျိ‌ေဟာက်ကို သူရှုံးနိမ့်သွားပြီ မဟုတ်လား။

A Summer StoryDonde viven las historias. Descúbrelo ahora