2

19 1 0
                                    

2(uni)


အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် ညီနှင့် လက်ထပ်ခြင်း

အပိုင်း ၂





လျှိုယွင်သည် သူမဘာသာ ပျော်ရွှင်စွာတွေးနေခဲ့၏။ "ငါဝိဉာဉ် ကူးပြောင်းလာတာလား...ငါတကယ်ပဲ ဝိဉာဉ်ကူးပြောင်းလာတာလား..."



သူမ မြန်မြန်သိလိုက်ရတာကတော့ သူမဝိဉာဉ် ကူးပြောင်းသွားသောစာအုပ်သည် "သူဌေး၏ အစားထိုးမိန်းမ"ဟုခေါ်ပြီးစာအုပ်ထဲရှိ အမျိုးသားဇာတ်လိုက်ဖြစ်သူယန်ယဲ့သည် ဖျော်ဖြေရေးကုမ္ပဏီတစ်ခု၏ ဥက္ကဌဖြစ်၏။ သူ၏ငယ်ချစ်ဖြစ်သူ ပိုင်ယွဲ့ကွမ်း မရှိတော့သောကြောင့် အစားထိုးဖို့ တစ်ယောက်တွေ့ခဲ့ပြီးတဖြည်းဖြည်း အချစ်စစ်ကို တွေ့ခဲ့လေသည်။



အမျိုးသမီးဇာတ်လိုက် ရှန်လင်ထုံသည် လှည့်စားမှုများသော ဖျော်ဖြေရေးလောကထဲတွင် တစ်ယောက်တည်းစွန့်စားပြီး အကြီးအကျယ် ဒုက္ခရောက်ခဲ့သော၊ သာမာန်မိသားစုတစ်ခုမှ သာမန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။



နောက်ဆုံးတွင် သူမသည် ယန်ယဲ့၏ အစားထိုးချစ်သူဖြစ်ရန် ရွေးချယ်ခဲ့ပြီး သူမ၏စိတ်ခံစားချက်များနှင့်ပတ်သက်၍လည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ရပြန်သည်။



နောင်တစ်ချိန်တွင် သူမသည် ယန်ယဲ့ကိုခွင့်လွှတ်ခဲ့သည်။ သို့သော် သူမထွက်သွားချိန်ကျမှ သူမသည် သူ့အတွက် ဘယ်လောက် အရေးပါသည်ဆိုသည်ကို ယန်ယဲ့သိခဲ့သည်။ ထို့ကြောင့် သူသည် သူမကိုဇွဲမလျှော့ဘဲလိုက်ခဲ့၏။ အချိန်ကြာကြာလိုက်ခဲ့ပြီး နောက်ဆုံးတွင် သူတို့သည် အတူတကွ ပျော်ရွှင်စွာအဆုံးသတ်ခဲ့ကြလေသည်။



လျှိုယွင် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် ဤသို့သော အစားထိုးအချစ်ဇာတ်လမ်းကို အမုန်းဆုံးဖြစ်သည်။ အစားထိုးခြင်းသည် အကယ်၍ အောင်မြင်သွားခဲ့လျှင် အလွန်ကြေကွဲ၀မ်းနည်းစရာကောင်းသောပုံပြင်များသည် ဘယ်ကနေဖြစ်လာခဲ့တာလဲ။ ယောက်ျားတစ်ယောက်သည် ချစ်ခြင်းမေတ္တာတစ်ခုတွင် အစားထိုးနိုင်ခဲ့သော အကြောင်းမှာ သူသည်သူမကိုအပြည့်အ၀ မချစ်နိုင်ခဲ့၍သာ ဖြစ်သည်။



အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် ညီနှင့် လက်ထပ်ခြင်း Where stories live. Discover now