7

4 0 0
                                    

Uni

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

အပိုင်း ၇

"ကိစ္စမရှိပါဘူး" ဟု ယန်ဝေ့က ပြောလိုက်သည်။ သူကူညီခဲ့တာကြောင့် ကျိုးချောင်ချောင်သည် မတ်တပ်ရပ်လိုက်သည်။ ကျိုးချောင်ချောင်က ခေါင်းကုပ်လိုက်ပြီး သူမ၏မေးခွန်းသည် ရိုင်းရာကျသွားသည်ကို နားလည်သဘောပေါက်ခဲ့၏။ သူမက တောင်းပန်ခဲ့သည်။" တောင်းပန်ပါတယ်! ကျေးဇူးတင်တယ်နော်! မဟုတ်ရင် ကျွန်မ မြေကြီးပေါ် လဲကျသွားမှာ"

ယန်ဝေ့က သူမခေါင်းကို လှုပ်ခါလိုက်၏။ ကျိုးချောင်ချောင်က သူမကိုထိသွားသော ထိုလူကိုလှည့်ကြည့်လိုက်သည်။ သို့သော် သူတို့ကို ဘယ်မှာမှ မတွေ့ရဝောာ့ပါ။

ယန်ဝေ့နောက်မှ လိုက်လာသော မောင်လျန့်သည် ရှေ့သို့တိုးလာပြီး ပြောလိုက်သည်။" ဒါက ဒါရိုက်တာကျန်းရဲ့ ဖုန်းပဲ"

ယန်ဝေ့သည် မောင်လျန့်လက်ထဲမှ ဖုန်းကိုယူပြီး ကျိုးချောင်ချောင်ကို တစ်ချက်မျှ ကြည့်လိုက်လေသည်။

ကျိုးချောင်ချောင်သည် သူမ၏ဦးထုပ်ကို သေသပ်အောင် လုပ်လိုက်ပြီး သူမ၏ နက်မှောင်တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်၏။ ယန်ဝေ့က သူမ၏ဦးထုပ်အောက်တွင် ဆံပင်မရှိသည်ကို သတိထားမိခဲ့လေသည်။ သူသည် မျက်ခုံးပင့်လိုက်ပြီး အဖြေခလုတ်ကို နှိပ်လိုက်သည်။

ကျန်းကော်အန်း၏ အသံသည် တခြားဖုန်းဆီမှ လာခဲ့၏။ သို့သော် ယန်ဝေ့သည် ၎င်းကို မကြားသည့်ပုံပေါ်နေပြီး ဟင်းလင်းပြင်ထဲကိုသာ ငေးကြည့်နေလေသည်။

ကျိုးချောင်ချောင်သည် သူမကိုယ်သူမ ပြင်ဆင်လိုက်ပြီး ယန်ဝေ့အား ပြောလိုက်၏။ "ရှင့်ကို ကျေးဇူးတင်ပါတယ်! ခုကျွန်မသွားတော့မယ်"ထို့နောက် သူမသည် ယန်ဝေ့ကို လက်ပြနှုတ်ဆက်လိုက်ပြီး ဓါတ်လှေကားဆီသို့ ပြေးသွားလေသည်။ ထိုအချိန်တွင် ဖုန်းဆီမှ ကျန်းကော်အန်းသည် အော်ပြောနေလေ၏။ "လောင်ယန်း မင်းငါပြောတာ ကြားရဲ့လား ဒီရင်းနှီးမြှုပ်နှံမှုကို မင်းဘယ်လိုထင်လဲ "

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် ညီနှင့် လက်ထပ်ခြင်း Where stories live. Discover now