3

15 0 0
                                    

3(uni)


အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် ညီနှင့် လက်ထပ်ခြင်း

အပိုင်း ၃





အစတွင်ယန်ယဲ့၏ နောက်တွင်ရှိသော ရှန်လင်ထုံသည်မေးခွန်းကြောင့် အံ့အားသင့်ရ၏။ ထို့နောက် သူမသည်တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။" ဒါတွေအားလုံး ငါ့အပြစ်တွေပါ ငါခေါင်းမာပြီး နိုက်ကလပ်ကိုပန်းအိုးယူလာခဲ့မိဝာာ အင်း...နင်အဆင်ပြေရဲ့လား"



ကျိုးချောင်ချောင်သည် ဒေါသတကြီးထထိုင်လိုက်ပြီးပြောလိုက်လေသည်။"ငါဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ ငါ့မှာဒဏ်ရာရခဲ့တာ သေလုနီးပါးပဲ!"



ရှန်လင်ထုံသည် တောင်းပန်ရုံမျှသာ တတ်နိုင်ပြီးပြောလိုက်၏။ "ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ် ဒါတွေအားလုံး ငါ့အပြစ်တွေပါ နင်သိပါတယ် ငါနင့်ကိုပိုက်ဆံနဲ့လျော်ကြေးပေးလို့ ရနိုင်မလား"



နေကာမျက်မှန်နှင့် အစ်ကိုသည် မနေ့ကမှ အသက်ကယ်ထားရုံရှိသေးသော ကျိုးချောင်ချောင်ဟာ ဒီနေ့တော့ဒေါသတကြီးနှင့် ထထိုင်နေသည်ကို ကြည့်လိုက်မိ၏။သူ၏နှလုံးသားထဲတွင် အေးကနဲဖြစ်သွားသည်။ ဒီမိန်းမရူးများနေသလား။ သူမ ဘယ်လိုလုပ်ပြီး အရမ်းတက်ကြွနေနိုင်တာလဲ။



ကျိုးချောင်ချောင်သည် တစ်ဖန်အိပ်ရာပေါ်ဖြည်းဖြည်းချင်းလှဲအိပ်ပြီး မေးလိုက်၏။"လျော်ကြေးလား ငါအဲ့ဒါလည်းမလိုချင်ဘူး ငါ့ခေါင်းထိခိုက်ခဲ့ရတဲ့အဖြစ်ကိုပိုက်ဆံနဲ့ ဖြေရှင်းနိုင်လို့လား"



ယန်ယဲ့သည် အေးတိအေးစက်နှင့် ရယ်လိုက်ပြီးပြောလိုက်၏။ "ဟုတ်တာပေါ့ မင်းခေါင်းကို ဘယ်လောက်ရိတ်ထားလဲဆိုတာ စဉ်းစားလိုက်ရင် ပိုက်ဆံ‌နည်းနည်းလောက်တော့တန်တာပေါ့"



ကျိုးချောင်ချောင်သည် မျက်တောင်ခတ်ပြီး ပြောလိုက်သည်။"ငါ့ခေါင်းရိတ်တာလား"သူမသည်ကြိုးစားပြီးတော့သူမ၏ ခေါင်းကိုကိုင်လိုက်ပြီး အလန့်တကြားထထိုင်လိုက်၏။"ငါ့ဆံပင်တွေ ဘယ်ရောက်ကုန်တာလဲ ဒေါက်တာ!"



အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် ညီနှင့် လက်ထပ်ခြင်း Where stories live. Discover now