'သခင်ကြီး..ဆေးရုံအုပ်ကြီးလာတွေ့ပါတယ်ဗျ'
'အင်း...ဝင်လာခိုင်းလိုက်'
အာဏာကဝင်လာခိုင်းတော့ဆေးရုံအုပ်ကြီးလည်းဝင်လာသည်။အမှန်တကယ်ဆိုဆေးရုံအုပ်လိုလူမျိုးကအဲလိုလူနာကိုခယနေစရာတောင်မလိုပါ။သူကအာဏာမင်းမြတ်ဖြစ်နေလို့သာဘဲ
'သက်သာရဲ့လားဗျသူဋ္ဌေး...ကျွန်တော့်ဆေးရုံကလူတွေသူဋ္ဌေးကိုမထီမဲ့မြင်ပြုသေးလားဗျ'
'အင်း...ဘယ်သူမှတော့မရှိဘူး။'
'တော်သေးတာပေါ့ဗျာ...ကျွန်တော်က'
'ဒါပေမယ့်တစ်ယောက်တော့ရှိတယ်...'
'ဟာ...ဘယ်သူများလဲ..သူ့အစားကျွန်တော်ကဘဲတောင်းပန်ပါတယ်ဗျာ..သူဋ္ဌေးဗွေမယူပါနဲ့....'
ဆေးရုံအုပ်ကခ ခယ ယတောင်းပန်နေရသည်။မတောင်းပန်လို့မဖြစ်ဘူးလေ။ဟိုကစိတ်တိုလာရင်ဆေးရုံကိုမီးနဲ့ရှို့မှာ
'အင်း....ဒီကိစ္စကထားလိုက်တော့...ကျုပ်မနက်ဖြန်ဆေးရုံဆင်းမယ်ရလား....'
'ရပါတယ်သူဋ္ဌေး...'
'အင်း....ဂျွန်...မင်းစီစဥ်စရာရှိတာစီစဥ်ထားငါမနက်ဖြန်ပြန်မယ်'
'ဟုတ်ကဲ့သခင်ကြီး..'
ဒီကိစ္စတွေပြီးတော့အာဏာလည်းသူ့နေရာသူပြန်ကာသူ့အလုပ်သူဆက်လုပ်လေသည်။
၂နှစ်ခန့်ကြာသော်
'ဟူး...မောလိုက်တာ....ရေလေးသောက်ချင်တယ်'
ကားလမ်းမတစ်နေရာမှာအဖိုးတစအယောက်အထုပ်အပိုးတွေနဲ့ထိုင်နေတာမြင်ရတာတကယ်ကိုရင်ထဲစို့သွားရသည်။အချို့သောလူတွေကလည်းမမြင်ချင်ယောင်ဆောင်ကြတာဘဲလေ။လူလူချင်းစာနာစိတ်လေးလူတိုင်းမှာရှိရင်သိပ်ကောင်းမယ်။သဇင်ကလည်းစျေးဝယ်ရာကပြန်လာတော့ထိုအဖိုးကိုတွေ့လေသည်။
'ဟင်..အဖိုးတစ်ယောက်ပါလား...တော်တော်ပင်ပန်းနေတဲ့ပုံဘဲ...သနားစရာပါသွားကြည့်မှ..'
သဇင်တစ်ဖြည်းဖြည်းထိုအဖိုးနားကိုလျှောက်သွားလိုက်သည်။
'အဖိုး..အဆင်ပြေရဲ့လား...အဖိုးကဘယ်ကလာတာလဲ'
အဖိုးရဲ့မျက်နှာကြည့်လိုက်တော့မျက်ရည်လေးလဲ့ပြီးသဇင်လေးကိုအားကိုးတဲ့အကြည့်နဲ့ကြည့်ရှာတာ