ep12

2K 17 0
                                    

ကားလမ်းမကြီးပေါ်မာသုတနဲ့ဖြူနှစ်ယောက်သားလမ်းလျှောက်လိုက်ထိုင်လိုက်လုပ်ရင်းနဲ့ဘဲမကြာခင်ကားတစ်စီးရောက်လာခဲ့လိုက်သည်။

သုတထိုကားအရှေ့မာပိတ်ရပ်ကယအကးအညီတောင်းခဲ့သည်။

ကျွီ...

'ဟေ့လူ....ဘာလို့ကားရှေ့မာပိတ်ရပ်နေတာလည်း....'

'ကျွန်တော်တို့ကိုကူညီပါဗျာ...ရန်ကုန်သွာစချင်လိ​ု့ပါဟိုရောက်ရင်အကိုတို့တောင်းသလောက်ပေးပါ့မယ်'

ထိုစဥ်ကားမောင်းသမားနဲ့စပါယ်ယာလိုထြင်ရတဲ့လူနှစ်ယောက်ကားပေါ်ကဆင်းလာခဲ့လိုက်သည်။

'ခင်များတို့ကဒီလိုလူခြေပြတ်တဲ့နေရာလေးမှာဘာလုပ်နေကြတာလည်း။ဒီနားမှာရွာတွေအိမ်တွေလည်းမရှိဘူးမလား။'

'ကျွန်တော်တို့ကရန်ကုန်ကဗျာ...လူဆိုးတွေလက်ထဲကထွက်ပြေးလာတာပါ။ကူညီပေးလို့ရရင်ကူညီပေးနိုင်မလား'

'ခင်များတို့ကယုံလို့ရပါတယ်နော်....ဟို..ကျုပ်တို့ဆိုလိုတာကလေခရီးသည်တွေအတွက်အနှောင့်အယှက်ဖြစ်မာဆိုးလို့ပါဗျ'

'ဟုတ်ကဲ့ပါ...ကျွန်တော်တို့ကဆရာဝန်တွေပါ'

'ဒါဆိုလည်းနှစ်ယောက်စလုံးကားပေါ်တက်ပါ။'

ကားသမားကျေးဇူးနဲ့နှစ်ယောက်စလုံးကားပေါ်လိုက်ခွင့်ရသွားခဲ့သည်။ကားပေါ်ရောက်တော့...

'ဟင်.....ဒေါက်တာသုတ...ဒေါက်တာနွယ်သဇင်ဖြူ...'

'ဟင်..

'ဟင်....

နှစ်ာက်စလုံးဟင်ဆိုသည့်အာမေဒြိတ်အသံထွက်သွားသည်။ကားပေါ်တွင်မထင်မှတ်သောတစ်စုံတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုသူကတော့အခြားမဟုတ်။

'ဒေါက်တာဘရဏီ....'

တကယ်ဘဲမထင်မှတ်ထားပါဘူး။ဒေါက်တာဘရဏီကဘာလ့ဒီကယးနဲ့ပါလာရတာလည်းအကြောင်းအရင်းက

'ဒီမှာထိုင်ပါ'

'ဘရဏီ...ဘာလို့ဒီကားနဲ့ပါလာတာလည်း...'

သုတကစကားစတင်လိုက်သည်။အမှန်တော့သုတဦးအာဏာမင်းမြတ်ရဲ့စံအိမ်မှာနေခဲ့ရတဲ့တစ်လျှောက်လုံးလွမ်းဆွတ်နေရတာကဘရဏီပါ။အခုလိုတွေ့လိုက်ရတော့ဝမ်းသာတာထက်အံ့သြမှုကပိုနေသည်။

Daddy's lovely doctorWhere stories live. Discover now