EP-3

181 11 4
                                    

*For Unicode*

‌“ ကျစ်!.. ဘယ်လိုဖြစ်လို့သူကငါ့ကိုအဲ့လောက်ထိစိမ်းကားနေရတာလဲ!! ”

နေဦးခိုက်နားမလည်နိုင်။တမင်သက်သက်လုပ်လိုက်တယ်ဆိုပေမယ့်လည်း သူ့ဘက်ကတကယ်ရုံးခန်းထိရောက်သွားလိမ့်မည်လို့မထင်ခဲ့ပါ။
ထို့ကြောင့် တော်ရုံတန်ရုံမပြောဖြစ်ခဲ့တဲ့“sorry”ဆိုတာကိုလည်းအဂ္ဂရှိန်ဝါကိုပြောခဲ့တယ်။လုပ်မိတဲ့အကြောင်းအရာကိုလည်းသေချာပြန်ရှင်းပြခဲ့သည့်တိုင်ကိုအနှီကောင်ကနေဦးခိုက်ကိုပြန်ဂရုမစိုက်။

နောက်ပြီး တစ်ခန်းလုံးမှာနေဦးခိုက်ကိုဂရုမစိုက်မလုပ်ရဲသူလည်းမရှိ။အဲ့တာကိုအဂ္ဂရှိန်ဝါဆိုတဲ့ကောင်ကမာနကြီးတစ်ခွဲသားနဲ့ နေဦးခိုက်ကိုငဲ့တောင်မကြည့်ဘူးဆိုတာ..နေဦးခိုက်ကိုရာဇဝင်ရိုင်းသွားစေသည်။

စားပွဲပေါ်တွင်တင်ထားသည့်အအေးဘူးကို
တစ်ချက်ကြည့်လိုက်သည်။နေဦးခိုက်ကဝယ်ပေးတဲ့အအေးကိုတောင်အဂ္ဂရှိန်ဝါကငြင်းပယ်သွားသည်တဲ့..။

နေဦးခိုက်လည်း မာနနဲ့လူပဲ...။သူကစကားမပြောရင်..ကိုယ်ကလည်းစခေါ်စရာအကြောင်းမရှိဘူး..။

ဒီလိုနဲ့နေဦးခိုက်နဲ့အဂ္ဂရှန်ဝါတို့ကြားကမမြင်နိုင်တဲ့အဟန့်အတားများကြောင့်တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြတော့ပေ။

ကျောင်းတက်တာတစ်လကျော်ကြာသွားပြီဖြစ်သည်။အခုချိန်တွင်တော့ စာသင်ခန်းထဲတွင်တော့တစ်ခန်းလုံးတိတ်ဆိတ်ကာဆရာမရဲ့စကားသံကိုနားထောင်နေကြသည်။ပထမလပတ်
စာမေးပွဲပြီးဆုံးသွားပြီးအမှတ်စာရင်းများထွက်ချိန်ဖြစ်သောကြောင့်ဖြစ်သည်။ဆရာမရဲ့စကားသံက အခုချိန်မှာတစ်ခန်းလုံးနီးပါးရဲ့အသက်ဖြစ်နေသည်။ ဆရာမဆီမှ ' ကျ ' ဟူသောစကားလုံးထွက်လာသည်နဲ့ အိမ်ကမိဘများဆီမှဆူပူလာမည့်စကားများကိုပါကြိုတင်တွက်ချက်ထားရမှာဖြစ်ပြီး ရင်တဒိတ်ဒိတ်ခုန်နေရချိန်ဖြစ်သည်။

ထို့ပြင်မိဘတွေဆီကဆူပူတာကနောက်မှဆရာကြီးရဲ့ကျောပေါ်ဗြောတင်တာကိုအရင်ခံရမည်ဖြစ်သည်။

" သား အဂ္ဂရှိန်ဝါ... "

ဆရာမအသံကတိုးညှင်းသော်လည်းတစ်ခန်းလုံးအပ်ကျသံမရှိအောင်တိတ်ဆိတ်နေ၍ဟိန်းထွက်လာသည်။

Say...𝓘 𝓛𝓸𝓿𝓮 𝓨𝓸𝓾Where stories live. Discover now