EP-2

205 13 2
                                    


*For Unicode*

"ဟာ..ရှုံးပြီ!"

နေဦးခိုက် စိတ်တိုစွာနဲ့ ဂိမ်းဆက်ကိုနံဘေးသို့ လွှင့်ပစ်လိုက်သည်။ဒါနဲ့ဆို တစ်ည‌နေတည်းဂိမ်းရှုံးနေတာ ၅ ခါရှိနေပြီ။

အာရုံစူးစိုက်လို့မရတာမို့ ကျောင်းစာအုပ်တွေထုတ်ပြီး ဟိုလှန်ဒီလှန်လုပ်နေရင်း ပိုပြီးစိတ်တိုင်းမကျဖြစ်ရသည်။ကျောင်းကပြန်လာကတည်းက
အဂ္ဂရှိန်ဝါဆိုတဲ့ နာမည်ကို နားထဲစွဲနေတာ။

နာမည်ကို အဲ့လောက် နားကြားကတ်ဖို့ကောင်းအောင်မှည့်ရလား..နာမည်တင်မဟုတ်ပါဘူး လူကလည်းအမြင်ကတ်စရာ။

တော်ရုံလူဆို ခေါင်းထဲမပြောနဲ့ အာရုံတောင်မထားမိတာတတ်ပေမယ့် ဒီ အဂ္ဂရှိန်ဝါ ဆိုတဲ့တစ်ယောက်ကိုတော့ တော်တော်လေးအာရုံစားနေမိတာ။

တခြားကြောင့်တော့ မဟုတ်..ကျောင်းစဖွင့်တဲ့နေ့မှာတင် သူ့ကို တော်တော်လေးလာဖဲ့ထားတာဆိုတော့နေဦးခိုက် စိတ်ထဲ အခဲမကြေချင်ပါ။

အခုမှစရောက်တဲ့ ကျောင်းသားသစ်မို့ မသိလို့ပြောတယ်ဆို နည်းနည်းခွင့်လွှတ်ပေးလို့ရ‌ေပမယ့် အခုကတော့ သူ့အကြောင်းကိုလည်း တော်တော်လေးသိနေတဲ့ သူတစ်ဦးဖြစ်ပုံရသည်။အမြဲတမ်း မာန်တစ်လုံးနဲ့ နေခဲ့သမျှက အဲ့ဒီ အဂ္ဂရှိန်ဝါရောက်လာမှ ကျိုးပဲ့ကုန်ရသည်။

ဘောပင်ကို လှည့်ကစားနေရင်းမှ နေဦးခိုက် အကြံတစ်ခုရသွားပုံနဲ့ ကျေနပ်စွာပြုံးရင်း ရယ်လိုက်မိသည်။

"အသစ်လေးကတော့ လူမှားပြီး ခလုတ်တိုက်မိပြီပဲ.."

.................

မကြာခင် ကျောင်းတက်ခေါင်းလောင်းထိုးတော့မှာမို့အားလုံးကိုယ်စီအလုပ်များနေကြသည်။အဂ္ဂရှိန်ဝါကတော့ စာအုပ်တစ်အုပ်ဖတ်နေရင်း အေးဆေးထိုင်နေသည်။နေဦးခိုက် မသိမသာလှမ်းကြည့်လိုက်ပြီးနောက် သူ့ဘေးက သူငယ်ချင်းကို လက်တို့လိုက်ကာ..

"ဟျောင့်..အဂ္ဂရှိန်ဝါကို မြန်မာဆရာမဆီ ခေါ်သွားပေးလိုက်ပါ"

"ဟမ်..ဘာလုပ်ဖို့လဲ"

"ဪ..ငါကျောင်းလာတုန်းက ဆရာမ ခေါ်ခိုင်းလိုက်လို့"

Say...𝓘 𝓛𝓸𝓿𝓮 𝓨𝓸𝓾Where stories live. Discover now