*For Unicode*
" သားရေ..ဒီညအမေအိမ်မပြန်လာဖြစ်လောက်ဘူး မင်းအန်တီလေးလဲအလုပ်မှာပဲအိပ်မှာလို့ပြောတယ် သားဒီညတော့တစ်ယောက်ထဲအိပ်လိုက်တော့နော် "
“ ဟုတ်မေမေ သားအဆင်ပြေပါတယ် မေမေအလုပ်ကိုသာကောင်းကောင်းလုပ်ပါ ”
" သားအဂ္ဂလေးက အမေ့အတွက်တကယ်ကိုသားလိမ္မာလေးပါအမေသွားတော့မယ်နော်..အော်သားအမေနဲ့ခဏလိုက်ခဲ့ပြီး ဒီညသားစားဖို့အတွက်ဟင်းလိုက်ဝယ်ဦး "
“ ဟုတ်အမေ ”
အဂ္ဂအမေ့စကားကြောင့် အမြန်ထီးယူလိုက်ကာဖိနပ်စီးလိုက်သည်။ကောင်းကင်ကြီးကတဖြည်းဖြည်းမည်းတက်လာသည်မှာကြောက်ခမန်းလိလိပင်။အငြိုးကြီးစွာရွာချတော့မည်ကိုအဂ္ဂသိနေ၍ထီးကိုကြိုယူလာခြင်းပင်။
အဂ္ဂအမေကချမ်းသာသည့်အိမ်တစ်အိမ်တွင် လက်တိုလက်တောင်းအနေအဖြစ်အလုပ်လုပ်သည်။အဝတ်လျှော်၊မီးပူတိုက်၊ကလေးထိန်းစသဖြင့်အကုန်လုပ်ရသည့်အပြင် အိမ်ရှင်သူဌေးမကြီးကအဂ္ဂအမေကိုစိတ်ချသည်မို့တစ်ခါတစ်ရံအခုလိုညအိပ်စောင့်ခိုင်းသည်များပါရှိနေ၍အိမ်တွင်တစ်ယောက်ထဲနေခဲ့ရတာဟာ အဂ္ဂအတွက်မထူးဆန်းတော့ပင်။အတူနေသည့်အန်တီလေးဟာလည်း အလုပ်ကအမြဲလိုလိုညဉ့်နက်တတ်သည့်အပြင်တစ်ညလုံးအိမ်မပြန်လာတာတွေလဲရှိတာမို့အိမ်သေးလေးမှာအဂ္ဂကသာ ပင်တိုင်အမြဲရှိနေတတ်သည်။
" ရော့သား မြန်မြန်ပြန်ဦး မိုးတွေမည်းတက်လာပြီ "
အမေကကြက်ချိုချဉ်ကြော်ထုပ်ကိုလှမ်းပေးကာပြောတော့အဂ္ဂကတရိုတသေယူပြီးအမေ့ကိုနှုတ်ဆက်လိုက်ကာစက်ဘီးပေါ်တက်လိုက်သည်။
သူဌေးရပ်ကွက်မို့လို့ ဒီဆိုင်ကအစားအစာတွေကလည်းဈေးကြီးမှာအမှန်ဆိုပေမယ့် အမေ့ကိုမငြင်းရက်လို့သာအခုလိုလိုက်လာခြင်းပင်။
အဂ္ဂအတွက်ကတော့လမ်းထိပ်ထမင်းဆိုင်လေးကဘဲဥချဉ်ဟင်းတစ်ပွဲနဲ့တင်လည်းလုံလောက်ပါသည်။
အမေဝယ်ပေးလိုက်သည့်ကြက်ချိုချဉ်လေးရဲ့အနံ့ကစက်ဘီးနင်းနေတဲ့အဂ္ဟကိုပင်လာကျီစယ်နေသေးသည်။ထိုအချိန်မှာပင် ခုနကမည်းမှောင်နေသည့်တိမ်မည်းများကအငြိုးနဲ့မြေကြီးများပေါ်ကိုမိုးစက်ကြမ်းကြမ်းများဖြင့်ထိုးခွဲလာတော့သည်။
YOU ARE READING
Say...𝓘 𝓛𝓸𝓿𝓮 𝓨𝓸𝓾
Romanceနေဦးခိုက်+အဂ္ဂရှိန်ဝါ မီးခိုရောင်သန်းနေတဲ့ပတ်ဝန်းကျင်..မြေပြင်ကိုအားရပါးရထိုးခွဲနေတဲ့မိုးစက်များနဲ့အတူ ကျွန်တော့်ဘဝထဲကိုဝင်ရောက်လာတဲ့ပထမဆုံးနွေးထွေးမှုလေး.......ထိုအနွေးဓာတ်လေးကိုဖြူစင်စွာထပ်မံငတ်မွတ်လာမိတဲ့အခါ..ကန့်သတ်ချက်တွေ၊နိယာမတွေကိုကျော်လွန်ပ...