*For Unicode*
"ရှင့်ကို ကျွန်မပြောထားတယ်လေ..မကောင်းတာလုပ်နေရင်တောင် ပတ်ဝန်းကျင်မသိစေနဲ့လို့၊အခု ဒီမိန်းမကိစ္စလည်း မီဒီယာအရှေ့မှာဆင်ခြင်ပါလို့ အထပ်ထပ်ပြောထားရက်နဲ့!"
"တော်တော့ကွာ..ငါအခုမှအိမ်ပြန်လာတာ၊ပင်ပန်းနေပြီ"
"ပြောစရာရှိတာပြောရမှာပဲ..ရှင် အခုဘယ်လိုလုပ်မှာလဲပြော၊အခုမနက်တင် စတော့ရှယ်ယာက ကျလာပြီ..မီဒီယာမှာ ရှင့်ကောင်မကဝန်ခံလိုက်ရင် ဘယ်လိုလုပ်မှာလဲလို့!!"
"မင်း ငါ့ကို ပူညံပူညံလာမလုပ်နဲ့..ငါ့ကိစ္စငါသိတယ်!"
"ငါ့ကိစ္စငါ သိတယ်ဆိုရင်လည်း ဝေဖန်နေတဲ့လူတွေရဲ့ပါးစပ်ဖျားမှာ ကျွန်မနာမည်မပါခိုင်းနဲ့လေ..နေဦး ကျွန်မ ပြောလို့မပြီးသေးဘူး..ရှင် ဘယ်သွား--"
အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ အခန်းအပြင်ဘက်မှာရပ်နေတဲ့ ကျောင်းကပြန်လာတဲ့ သားဖြစ်သူ နေဦးခိုက် ကိုတွေ့လိုက်ရသည်။
သို့ပေမယ့် ဂရုမစိုက်နိုင်စွာဘဲ ဆက်ပြီးပြဿနာဖြေရှင်းဖို့အတွက် စာကြည့်ခန်းဘက်ထွက်သွားတဲ့ အဖေဖြစ်သူအနောက်သို့ အမေပါလိုက်သွားလေသည်။
နေဦးခိုက် အပေါ်ထပ်က ကိုယ့်အခန်းဆီကိုယ်ပြန်ကာ အခန်းထဲရောက်သည်နှင့် လွယ်အိတ်အားစားပွဲထက် ပြီးစလွယ်လွှင့်ပစ်လိုက်ပြီး သူကိုယ်တိုင်လည်း မွေ့ယာထက် ခြေလက်ပစ်ပြီးလှဲချလိုက်သည်။
တည်ငြိမ်ပြီးမျက်စိအေးစေတဲ့ မျက်နှာကျက်ဖြူဖြူက သူ့မိသားစုအနာဂတ်နဲ့တော့ ဆီနဲ့ရေလိုကွာခြားနေသည်။
အပေါ်ယံတွေသာ ရှိတဲ့မိသားစုဖြစ်တည်မှု..လူအများအရှေ့ရောက်မှ ထုတ်ပြတတ်တဲ့ ဟန်ဆောင်နွေးထွေးမှု..သူများတွေသိပ်ကိုအားကျနေရတဲ့ မိဘတွေ သူ့အပေါ်အလိုလိုက်မှု၊ဂရုစိုက်ခြင်း ဆိုတဲ့အမျိုးမျိုးသော သာယာကြည်နူးဖွယ်ခေါင်းစဉ်တွေက အပေါ်ယံဟန်ဆောင်မှုသက်သက်ဆိုတာကိုသာ သိရင် သူ့ကို လူအများလက်ညိုးဝိုင်းထိုးပြီးလှောင်ကြလေမလားပဲ။
ကာယံကံရှင်ဖြစ်တဲ့ သူကတော့ သိတတ်စအရွယ်ကတည်းက တစ်ယောက်တည်း အခန်းထောင့်မှာမိသားစုပုံလေးကို ရင်မှာပိုက်ပြီးအမြဲရယ်နေခဲ့ရတာ။
YOU ARE READING
Say...𝓘 𝓛𝓸𝓿𝓮 𝓨𝓸𝓾
Lãng mạnနေဦးခိုက်+အဂ္ဂရှိန်ဝါ မီးခိုရောင်သန်းနေတဲ့ပတ်ဝန်းကျင်..မြေပြင်ကိုအားရပါးရထိုးခွဲနေတဲ့မိုးစက်များနဲ့အတူ ကျွန်တော့်ဘဝထဲကိုဝင်ရောက်လာတဲ့ပထမဆုံးနွေးထွေးမှုလေး.......ထိုအနွေးဓာတ်လေးကိုဖြူစင်စွာထပ်မံငတ်မွတ်လာမိတဲ့အခါ..ကန့်သတ်ချက်တွေ၊နိယာမတွေကိုကျော်လွန်ပ...