Part-1(Uni)

650 15 0
                                    

"လပြည့်မောင်မောင် လက်ထဲက ဖုန်းကို ချလိုက်တော့နော် ၃နာရီတောင်ကမှာမဟုတ်တော့ဖူး အဲ့ဒီ
ဂိမ်းကိုဆော့နေတာ"

"ခဏလေးပါအမေရာ ဒီမှာပြီးတော့မယ်"

"ငါထလာရင် ငါ့အဆိုးမဆိုနဲ့"

"ဟအား ပြီးရော ပြီးရော"

စာရင်းတွက်နေရင်းက သားဖြစ်သူကို ကြိမ်းမောင်းနေသော ဒေါ်ခင်ပြည့်စုံ။လပြည့်မောင်မောင်ကတော့ သူ့အမေလက်သံသိတာမို့လို့ ဖုန်းပိတ်ပြီး ထမင်းစားခန်းထဲ ၀င်သွားသည်။

"ဇုံကြီးသားက ဂျပိုး"

"ဇုံကြီးသားက ငပွေဆို"

ဇုံကြီးသားက ဘာဖြစ်တယ် ညာတယ်ဖြစ် ဆိုတဲ့စကားတွေ မကြားချင်အဆုံးဖြစ်နေတာလည်း မပြောနဲ့လေ။သားဖြစ်သူကိုက ဂျပိုးလုပ်နေတာကိုး။ လပြည့်မောင်မောင်လောက် ဖုန်းနဲ့ မျက်နှာအပ်ပြီး ဂိမ်းဆော့နိုင်လွန်းတဲ့ကောင်လည်း ဒီရွာမှာ ရှိမှာမဟုတ်။အသွားအလာကလည်း ခပ်ထူထူ။အသောက်အစားကလည်း မကင်းချင်။ဘာစီးပွားရေးမှလည်း နားမလည်။ဆယ်တန်းအောင်ပြီးကတည်းက ကျောင်းလည်း ဆက်မတက် ဝေလေလေ။ချောတောမောတော ရုပ်ခံကလေးကလွဲလို့ လူကဂျစ်ကန်ကန်။ငယ်တုန်းက အလိုလိုက်ခဲ့တာတွေလည်း ပါမည်ထင်ပါသည်။

'ဟင်း ဒီ သားတစ်ယောက်နဲ့ ငါလည်း ခက်ပါတယ်'

"ကို လင်းမောင် ရေ"

ဒေါ်ခင်ပြည့်စုံ လှမ်းခေါ်တော့ ယောက်ျားဖြစ်သူက အပင်တွေ ရေလောင်းရင်း ထူးသည်။

"ဟေ"

"ဧည့်သည်က ဘယ်ချိန်လာမှာတဲ့လဲ"

"နေ့ခင်း ၂နာရီလောက်တဲ့ ခင်ဘာလုပ်မလို့လဲ"

"လပြည့်မောင်မောင်ကို မထားနွေဆီကမုန့်လက်ကောက်သွား၀ယ်ခိုင်းမလို့ ဧည့်သည်ကျွေးရအောင်"

"အင်း ကိုယ့်ဖို့လည်းမှာအုံး စားချင်လို့"

အန်တီထားနွေ ရောင်းတဲ့ မုန့်လက်ကောက်ကြော်ကို လပြည့်မောင်မောင်တို့တစ်အိမ်လုံး အသည်းစွဲကြိုက်ကြသည်။ဂျင်းနံ့သင်းသင်း နဲ့ ထန်းလျက်ရည် အိပြီး ချိုစိမ့်နေသော မုန့်လက်ကောက်ကလေးစား ရေနွေးပူပူလေးသောက်လိုက်ရင် အရသာကိုရှိနေရောလေ။

ချစ်မိပြီ ဆိုပါလျှင်လေWhere stories live. Discover now