ရွာလမ်းတစ်လျှောက်မှာ လူသူကင်းမဲ့လျက် တိတ်ဆိတ်နေသည်။ ခပ်ဖြည်းဖြည်း မောင်းလာ
သည့် ဆိုင်ကယ်တစ်စီးသည် စံပယ်ရနံ့တွေမွှေးတဲ့ ခြံဝန်းရဲ့ မျက်စောင်းထိုးမှာ ရပ်တန့်သွားသည်။ထို့နောက် ဆိုင်ကယ်မောင်းလာသူက ငြိမ်သက်စွာ ရပ်လျက်ခြံဝန်းဆီ လရောင်အားကိုးနဲ့ ခပ်ဆွေးဆွေး ငေးနေသည်။ထိုသူမှာ အခြားသူမဟုတ်။နွေဉီး ခြံရှေ့ကို အချိန်မဟုတ် စိတ်အလိုလိုက်ကာ ရောက်လာခဲ့သော
လပြည့်မောင်မောင်ပင်ဖြစ်သည်။တစ်နေကုန် ဥပေက္ခာပြုမိခဲ့သော မျက်နှာကလေးအားတွေ့မြင်လိုစိတ် နှင့် ပြောမိခဲ့သော အကန်စကားများအတွက် တောင်းပန်လိုစိတ်တို့ကြောင့် ဤနေရာကို သူရောက်လာခဲ့ခြင်း။နံနက်ထိ မနေနိုင်အောင်ပင် သူ့စိတ်ကို လှုံ့ဆော်နိုင်သည့် အရာဟာ ဘာများဖြစ်မလဲ။စိတ်ကူးစိတ်ရ ထထွက်လာမိပေမယ့် အချိန်က ညဉ့်နက်လွန်းနေသည်။နွေဉီးလည်း အိပ်နေလောက်ပြီ ထင်ရဲ့။ခဏကြာတော့ သူလှည့်ပြန်လာလိုက်သည်။နွေဉီးစိုက်ပျိုးထားတဲ့ ပန်းပင်တွေကြား ဖြတ်တိုက်လာတဲ့ လေနုအေးကို ရှူရှိုက်လိုက်ရတော့ နည်းနည်းတော့ စိတ်သက်သာရာ ရသွားသလိုပင်။နက်ဖြန်
အမြန်ရောက်ချင်လှပါပြီ။********************
"သား မင်းညီ လပြည့်က စောလှချည်လား အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်သံကြားတယ်"
"ဟုတ်လို့လား သားသွားကြည့်ဉီးမယ်"နွေဉီး သွားတိုက်နေရင်း ခြံပြင်သွားကြည့်ရသည်။တကယ်ကို လပြည့်ကအစောကြီးရောက်ချလာတာပင်။နွေဉီးက မျက်နှာပင်မသစ်ရသေး။
"အထဲဝင်ဉီး ငါကမျက်နှာတောင်မသစ်ရသေးဘူး"
လပြည့်တစ်ယောက် မနေ့က စိတ်ညစ်စရာတစ်ခုခု ဖြစ်ခဲ့သည်ထင်ပါ၏။နွေဉီးကို စကားအကောင်းမပြောဘဲ တစ်နေကုန် အီလည်လည်ဖြစ်နေခဲ့တာပင်။ ခုတော့ အလုပ်သွားဖို့အစောကြီးရောက်ချလာတာဆိုတော့ စိတ်ကြည်လင်သွားပြီ ထင်ပါသည်။သန့်ရှင်း သပ်ရပ်ပြီး ရေမွှေးနံ့တွေပင် ရနေသည်။
နွေဉီးက အနားမှာရှိတဲ့သူတွေကို အမြဲ ပျော်ရွှင်နေစေချင်သည်။စိတ်အခပ်မသင့်လို့ စကားမပြောကြရင်တောင် နွေဉီးဘက်ကပဲ စခေါ်သည်။လူတွေနဲ့ ကတောက်ကဆ ဖြစ်တဲ့အနေအထားတွေကို နွေဉီးက မကြိုက်တတ်။အမြဲ အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင်ပဲ ရှိချင်သည်။နွေဉီးကသည်လိုလူမျိုးဖြစ်သည်။
YOU ARE READING
ချစ်မိပြီ ဆိုပါလျှင်လေ
Romantikမထင်မှတ်ထားပါဘဲ အချစ်ဟာရင်ခွင်ထဲတိုးဝှေ့ခဲ့ ဘယ်လိုများလုပ်ရပါ့ အချစ်ရယ် မဖြစ်နိုင်ကြောင်း မင်းငြင်းဆန်နေပေမယ့် ကိုယ်ဟာ ရူးခါနေအောင် ချစ်ရဲ့☘️