ခပ်ဖွဲဖွဲရွာနေသော မိုးကြောင့် ရာသီဥတုက အေးစိမ့်စိမ့်ရှိလှသည်။သက်မွန် ကော်ဖီဆိုင်ထဲ ၀င်လာတော့ ဆိုင်ထောင့်က ခုံမှာ လပြည့်မောင်မောင်က အသင့် စောင့်နေတာတွေ့ရ၏။လပြည့်သည် ဖလန်ကွက်နီညိုနဲ့ ဘောင်းဘီအနက်ကို ရိုးရိုးဝတ်ထား
သည့်တိုင် ပေါ်လွင်ပြီးကြည့်ကောင်းနေသည်။"အစ်မ ထိုင်မယ်"
"ထိုင်ပါအစ်မ"
သက်မွန်ဝင်ထိုင်တော့ Waiterလေးက ကော်ဖီနှစ်ခွက်လာချပေးသည်။ သက်မွန်အတွက်ပါ ကော်ဖီမှာထားပေးထားပုံရ၏။
"မောင်လေးသီချင်းဆိုထားတဲ့Videoလေးအစ်မတွေ့တယ် နားထောင်လို့ကောင်းတယ်"
သက်မွန်စကားစတော့ လပြည့်က ခပ်ပါးပါးပြုံးသည်။နှုတ်ခမ်းများနှင့် ဆန့်ကျင်စွာ မျက်ဝန်းညိုညိုတွေမှာတော့ အဆွေးရိပ်တွေနှင့်။
"ကျွန်တော်ချစ်ရတဲ့သူအတွက် ရည်ရွယ်ပြီးဆိုခဲ့တာ အဲ့ဒီသီချင်းလေးကို"
သိပ်သိတာပေါ့။မိန်းမတွေထက် အကင်းပါးတဲ့ သတ္တဝါ ဒီကမ္ဘာမှာ ရှိဉီးမလား။ဒီမျက်ဝန်းအရောင်တွေက အချစ်အပြင် ဘာများဖြစ်ဉီးမှာလဲလေ။
"အစ်မ နွေဉီးကို ဘယ်လောက်ထိချစ်လဲ"
ကောင်လေးရဲ့ မေးပုံလေးက သနားချင်စဖွယ်ပင်။
"အများကြီးပေါ့"
"ကျွန်တော် နဲ့ နည်းနည်း ချိန်ဆကြည့်ရအောင်...ကျွန်တော် အဲ့လိုလုပ်ဖို့တွေးထားတယ် နည်းနည်းတော့ ကလေးကလားဖြစ်နေမလားပဲ"
အချစ်ချင်း ပြိုင်ကြည့်ကြမယ်ဆိုတဲ့ ရုပ်ကလေး။
'နင့်ဟာလေးက ချစ်စရာလေး နွေဉီးရဲ့'
"ကျွန်တော်က နွေဉီးကိုချစ်တယ်"
"အင်း"
သက်မွန်တုံ့ပြန်မှုကြောင့် လပြည့်က စူးစမ်းသလို ကြည့်လာသည်။နွေဉီးချစ်သူတစ်ယောက်အနေနဲ့ အံ့သြသွားမှာမဟုတ်ဘူးလားဆိုတဲ့အကြည့်မျိုး။
"အစ်မကရော"
"အစ်မက သဘောကျတယ်"
"ကျွန်တော် သဘောကျတာထက် အများကြီးပိုတယ်...သူ့ရုပ်နာမ် နှစ်ပါးစလုံးပေါ်မှီတည်နေတဲ့ ဖြစ်တည်မှုတိုင်းကို သိမ်းထုတ်ထားချင်မိတဲ့ထိ"
YOU ARE READING
ချစ်မိပြီ ဆိုပါလျှင်လေ
Romanceမထင်မှတ်ထားပါဘဲ အချစ်ဟာရင်ခွင်ထဲတိုးဝှေ့ခဲ့ ဘယ်လိုများလုပ်ရပါ့ အချစ်ရယ် မဖြစ်နိုင်ကြောင်း မင်းငြင်းဆန်နေပေမယ့် ကိုယ်ဟာ ရူးခါနေအောင် ချစ်ရဲ့☘️