"ကျွန်တော် ပြောစရာရှိလို့လာတာ"
"ဘာလဲ လပြည့်ကြီးက ထူးထူးဆန်းဆန်း"မုန့်ကြိတ်ဆုံကို လှည့်နေသော နွေဦးလက်များ က
ဆန့်မှုန့်နှစ်ဖြူဖြူများ ပေကျံနေသည်။ချည်သား အင်္ကျီမှာ ချွေး အစက်ကလေးများ စွန်းနေပြီး မျက်နှာတွင်လည်း ချွေးစများက ခိုသီနေ၏။သို့တိုင် ဤလူ၏ ချောမောမှုမှာ တစ်စက်ကလေးကလျော့ပါးမသွားပါပေ။"ကျွန်တော်ကူကြိတ်ရမလား"
"နေပါ ရတယ် ဘာပြောမလို့လဲ"
"ကျွန်တော် စီးပွားရေးတစ်ခု စချင်လို့"
"ငါနဲ့ဆိုင်တဲ့ စီးပွားရေးမျိုးလား"
"အင်း"လူတစ်ယောက်ကို ခင်မင်သွားမိခဲ့ရင် ဒီလို
ပြေး တိုင်ပင်ချင်၊အဖော်စပ်ချင်၊ရင်ဖွင့်ချင် ဆိုတဲ့ ခံစားချက်တွေက ဖြစ်တည်လာတတ်တာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်မည်ထင်၏။"ကျွန်တော့ သူငယ်ချင်း နေသာ ပုသိမ်ကပြန်ရောက်ကတည်းက ကျွန်တော့ကို အဖော်အမြဲစပ်တယ် ဖုန်းဆိုင်လေး ဖွင့်ကြမလားတဲ့ ကျွန်တော်က စိတ်မ၀င်စားတာ အဲ့ကောင်က showroomမှာ အကြာကြီးလုပ်ခဲ့ဖူးတော့ အတွေ့အကြုံရှိတယ် ပစ္စည်းတွေ ၀ယ်ဖို့လည်း အဆက်အသွယ်ကောင်းကောင်းရှိတယ် "
"အင်း"
"တစ်နေ့က အမေပြောတာ နွေဦးကလည်း ဖုန်းဆိုင်မှာ လေးနှစ် လုပ်ခဲ့တာဆို"
" ဟုတ်တယ်လေ"
"ကျွန်တော်နဲ့ပေါင်းပြီး ဆိုင်လေးလုပ်ကြမယ် ဆိုင်ခန်းက မြို့ထဲမှာ အမေ၀ယ်ထားတာရှိတယ် လမ်းလည်းကျတယ် အမေ့ကိုအရင်းထုတ်ပေးထားဖို့ပြောမယ်"
"အမ် မင်းကဆုံးဖြတ်တာမြန်လိုက်တာ"
"နွေဦးပါမှပါ မဟုတ်ရင် ထားလိုက်တော့မယ်"နွေဦးက မုန့်ကြိတ်ထဲကို လှည့်နေတာရပ်ပြီး
လပြည့်ဘက်လှည့်လာသည်။"ယောက်ျားတွေပဲ လုပ်မယ်ဆိုလည်း ပြတ်ပြတ်သားသားလုပ်ကြတာပေါ့ကွာ ငါလည်းအမေ့ပြောမယ် မင်းလည်း အန်တီ့ပြောလိုက် အမေ စု ပေးထားတာနဲ့ ကိုယ်ဘာသာစု ထားတာ လေးတွေရှိတယ် ငါလည်း ရှယ်ယာထည့်မယ်လေ "
သူ့ကိုဆုံးဖြတ်တာမြန်သည်ဆိုသူက ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်၏။
"ရှေ့လထဲ ရက်ကောင်းရွေးပြီး စကြတာပေါ့"
"အင်း "နွေဦးက မုန့်ကြိတ်တွေကို ဆေးကြောနေတော့
လပြည့်ပါ ကူညီညာ လုပ်ပေးလိုက်သည်။
YOU ARE READING
ချစ်မိပြီ ဆိုပါလျှင်လေ
Storie d'amoreမထင်မှတ်ထားပါဘဲ အချစ်ဟာရင်ခွင်ထဲတိုးဝှေ့ခဲ့ ဘယ်လိုများလုပ်ရပါ့ အချစ်ရယ် မဖြစ်နိုင်ကြောင်း မင်းငြင်းဆန်နေပေမယ့် ကိုယ်ဟာ ရူးခါနေအောင် ချစ်ရဲ့☘️