၁၀

16.8K 156 3
                                    

U

မာန် ဂီယာအထည့်မှာ ထပ်မံတင်းခနဲ ဖြစ်သွားပါသော အင်္ကျီထောင့်စွန်းလေး..မာန့်မျက်ဝန်းတွေ နက်မှောင်စွာနှင့် တံတွေးမြိုချလိုက်ပြီး

"သုဇင်..မင်းငါ့အင်္ကျီထပ်ဆွဲထားရင် ရှေ့ဆက်ဘာဖြစ်လာမလဲ ငါအာမမခံနိုင်ဘူး။ ငါမင်းကို လွှတ်ပေးပြီးပြီ။ မင်းသွားတော့.."

သုဇင်က တံတွေးမြိုချလိုက်လို့ အထက်အောက် လှုပ်ရှားသွားတဲ့ အာဒံပန်းသီးကို ကြည့်ပြီး တဖြည်းဖြည်း မာန့်လည်တိုင်နား တိုးကပ်သွားကာ ထိုအာဒံပန်းသီးကို နမ်းလိုက်သည်။

"မာန် ၊မင်းစချည်ခဲ့တဲ့ ဒီကြိုးကို မင်းလွတ်ချပေးလိုက်ပေမယ့် ငါ ဆက်ဆွဲခဲ့ရင်ရော ..မင်းငါ့နောက် လိုက်မှာလား"

သူ့လည်တိုင်ထက်က အနမ်းတစ်ပွင့်နဲ့အတူ မာန်တင်းထားသမျှ ကျိုးပျက်သွားလေကာ ဆိုင်ကယ်သော့ပိတ်ပြီး ဆိုင်ကယ်ပေါ်က ဆင်းကာ သူ့ရှေ့က ကိုယ်လေးကို စွေ့ခနံပွေ့ပြီး ဆိုင်ကယ်ပေါ် မတင်လိုက်သည်။
သူလွမ်းသည်။ သူနမ်းလိုက်တိုင်း စိုလဲ့လာတတ်တဲ့ နှုတ်ခမ်းချိုချိုတွေ ။ သူထိတွေ့လိုက်တိုင်း နီရဲလာတတ်တဲ့ အသားရည်နုနုတွေ ..။ ညတိုင်းထွေးပွေ့ခဲ့တဲ့ ခါးကျဉ်ကျဉ်တွေ.... သူ သေလောက်အောင် လွမ်းတယ်..သုဇင်..။ ငါမင်းကို ချစ်မိသွားပြီထင်တယ်....။

သုဇင်ကို ဆိုင်ကယ်ပေါ် မတင်လိုက်တာနှင့် သူ့လည်တိုင်ထက် နားခိုလာတဲ့ လက်တွေနဲ့ သူ့ခါးထက်က ‌ခြေတံသွယ်သွယ်။ ညအိပ်ဝတ်စုံ bathrobe နဲ့သာ ထထွက်လာတဲ့ သုဇင်ခန္ဓာကိုယ်ဟာ မာန်နှင့် ထိစပ်လို့။
သူ၁လတိုင်တိုင် လွမ်းစွတ်ခဲ့ရတဲ့ သုဇင်လည်တိုင်ထက်ကို မာန် အငမ်းမရ အနမ်းချွေမိသည်။ ဒီလည်တိုင် ..ဒီခန္ဓာကိုယ်..ဒီလူက သူ့အပိုင်..။ သုဇင်က မာန်ဆိုတဲ့ငါ့အပိုင်..။
လည်တိုင်ကို နမ်းရှိုက်ရင်း bathrobe ကို ပုခုံးထိ ဆွဲချလိုက်တော့ နီရဲနေသည့် အရာတစ်ခု။ မာန် ထိုအရာကို လက်နှင့်ထိမိတော့ သုဇင်ဆီက ညည်းသံခပ်သဲ့သဲ့ထွက်လာသည်။

"ဘာဖြစ်တာလဲ...ဒါက..ဆေးလိပ်မီးရာပဲ...။ ကိုယ့်ကြောင့်လား.."

ထိုအရာထက် ပွတ်သပ်နေသည့် မာန့်လက်ချောင်းလေးကို သုဇင်ယူပြီး နမ်းလိုက်ကာ
"မင်းဆီကရတဲ့ အမှတ်တရမလို့ ငါကြိုက်တယ်.."

Overrid Where stories live. Discover now