Part : 2

128 16 4
                                    

နေဝင်ခါနီး ညနေဆည်းဆာရောင်ခြည်သည် ကားအတွင်းသို့ ဖြာကျလျက်ရှိသည်။ ကားမှန်ကိုဖွင့်လျက် အပြင်ဘက်ကို ငေးနေသည့် ကောင်းဆက်တည်ကို ခွန်းမြတ်ခန့်သူက အချိန်အကြာကြီးငေးကြည့်နေခဲ့၏။

နေရောင်ခြည်အနည်းငယ်ကြောင့် ကိုကို့ဆံသားတွေဟာ အရင်ကထက်ပိုပြီး အညိုဖျော့ရောင်ဘက်သို့ရောက်နေသည်။ လေတိုးနေတာကြောင့် ဝေ့ဝေ့ဝဲဝဲ ဆံပင်လေးတွေဟာ သပ်တင်​ပေးချင်စဖွယ်။

ခွန်းမြတ်ခန့်သူက လက်လှမ်းမိသွားသော်လည်း အလျင်အမြန်ပြန်ရုတ်လိုက်ရသည်။ သူဘာတွေလုပ်မိနေပါလိမ့်။ ကိုကို့ကို အကြည့်လွှဲလို့ တစ်ဖက်ကိုသာ မျက်နှာမူမိတော့သည်။

ကိုကိုက ဘာလို့များ ဒီလောက်ထိ ကျွန်တော် လက်လှမ်းမမီနိုင်တဲ့နေရာမှာ ရပ်နေခဲ့တာဖြစ်မလဲ။

ကောင်းဆက်တည် ကားမှန်ကို ပိတ်လိုက်ပြီး တစ်ဖက်ကိုလှည့်လာလေတော့ အပြင်ဘက်ကိုငေးနေသည့် ခွန်းမြတ်ခန့်သူနှင့်ဆုံသည်။ ဟူဒီအင်္ကျီလေးထဲ မြုပ်နေသည့်ကောင်ကလေးကိုကြည့်ကာ သူက တစ်ချက်ပြုံးလိုက်ရင်း ..

"ပူတူး .. ညစာဘာစားချင်လဲ"

ကောင်းဆက်တည်ရဲ့ အသံက တိမ်လို လေလို .. ကြားရသူအဖို့ ရေငွေ့လေးတွေ လာစင်နေသလို အေးချမ်းလှသည်။ နားသို့ ပျားရည်ကလေးတွေ လောင်းချလိုက်သလိုမျိုး ချိုမြိန်ခြင်းကိုလည်းပေးစွမ်းနိုင်ပေ၏။

ကားအတွင်းမှာ ကိုကို့အသံလေးတစ်သံတည်းက ပူတူးရဲ့ နားထဲ ဝင်ချည်ထွက်ချည်။ ကောင်းဆက်တည်သည် ကျောင်းမှာလည်း ဆရာမတွေလိုအပ်လျှင် announcer အထိ လုပ်ကိုင်ပေးခဲ့ရသည့်လူမို့ အသံနှင့်တင် သဘောကျသူများပြားလှသည်။

ပူတူး ငယ်စဉ်က သဘောအကျဆုံးအချိန်တွေမှာ ကိုကို ပူတူးအတွက် စာအုပ်ဖတ်ပြချိန်များလည်း အပါအဝင်ဖြစ်၏။ ကိုကို ဘာသာပြန်ပေးသည့် ကာတွန်းကားတွေဆိုလျှင်လည်း ပူတူးအလွတ်ရလွန်းလို့ မေမေ့ကို အစအဆုံးပြန်ပြောပြနိုင်သည်အထိ ကိုကို့အသံကို နားထဲစွဲနေတတ်သည်။

ခွန်းမြတ်ခန့်သူက ခဏလေးအချိန်ယူလို့ ကောင်းဆက်တည်ရဲ့ စကားကို ပြန်လည်ဖြေကြားလာခဲ့၏။

Just want to secretly love youWhere stories live. Discover now