ငါးမျှားချိတ် သံယောဇဥ်

1.3K 13 0
                                    

P-1

"ဘာကူညီရမလဲဗျ..."
မျက်ဝန်းတည်တည်နှင့်မေးလာတဲ့ ဇင်မိုးရဲ့အဖြေစကားကြောင့် ညီမင်းကို မျက်နှာပျက်သွားသည်။
"ဟိုဗျာ...ငါးစာအတွက် လ္ဘက်ရည်ဖိုးပေးပါ့မယ် ငါးမျှားဖို့ တီရှာပေးပါ့လား"
ဇင်မိုးတစ်ယောက် အားပါးတရ ပြုံးလိုက်မိသည်။
"လာဗျာ...ဟိုးရှေ့နားမှာ တီသွားတူးမယ် "
သံတူရွင်းတချောင်း၊ထင်းခုတ်ဓားတချောင်းကိုင်၍ ရှေ့မှ ထွက်သွားတဲ့ ဇင်မိုးနောက်သို့ အပြေးအလွှားလိုက်ပြီး
"ဝေးရင် ဆိုင်ကယ်နဲ့ သွားရအောင်လေ"

ပုဆိုးတိုတိုကို ပေါင်ကြားစုလုံးထားပြီး စိုစွတ်နေသော မြေပြင်ထဲသို့ သံတူရွင်းဖြင့်ထိုးကာထိုးကာ မြေကြီးများတူးနေတဲ့ ဇင်မိုးရဲ့ ပေါင်သားများကိုရှေ့တည့်တည့်မှငေးနေတဲ့ ညီမင်းကိုရဲ့မျက်ဝန်းတွေက ရံဖန်ရံခါ ပုဆိုးစုလုံးထိုးထည့်ထားသော ပေါင်ခွကြားသို့ ရောက်ရောက်သွားသည်။

မြေကြီးတို့ချေမွကာ တီကောင်များကို လက်ဖြင့်ကိုင်၍ အိတ်ထဲထည့်နေသော ဇင်မိုးမျက်နှာက အကြောက်အလန့်မရှိ ပကတိတည်ငြိမ်နေလျက်
"အင့်...အဲ့ဒီလောက်ဆို ရပြီလား"
"ရပြီ....ကျေးဇူးပဲ ကို..."
"ဇင်မိုးပါ..."
"ဟုတ်...နာမည်ကမှတ်မိပါတယ်...လ္ဘက်ရည်ဖိုးတော့ယူပါ ရော့မငြင်းပါနဲ့နော်"
"မယူပါဘူး ခင်လို့မင်လို့ မိတ်ဖြစ်ဆွေဖြစ်လုပ်ပေးတယ်လို့ သဘောထားလိုက်ပါ"
"ဟုတ် အကို အဲ့ဒါဆို သူငယ်ချင်းတွေဖြစ်သွားပြီဆိုတော့ အကို့ဆီကိုခဏခဏ လာလည်လို့ရပြီပေါ့နော်"
ညီမင်းကိုရဲ့လေသံကရင်းနှီးမှု့အရိပ်အယောင်တို့ဖြင့် ချိုမြလို့နေသည်။
"အင်း ရပါတယ် လာလည်ပေါ့ "

မိုးတို့က မနက်ကထဲက တဖြိုင်ဖြိုင်ရွာနေသည်။ဒီမိုးနဲ့တော့ ဘာငါးမှတက်လာမှာမဟုတ်... ငါးမျှားတံကြိုးတပ်ပေးနေတဲ့ လူရဲ့ပုံရိပ်ကို ခနခနမြင်ယောင်နေမိသည်။ဘာလို့ထိုလူ့ကိုသတိရနေတာလဲမသိ...ကြမ်းရှရှ သူ့ပုံစံက ဘာများစွဲလန်းဖွယ်ရာကောင်းနေပါလိမ့်...

ပုဆိုးတိုတိုကိုဖြန့်ဝတ်လိုက်တုန်းက...ရိပ်ကနဲမြင်လိုက်ရသောသူ့ရဲ့ ပေါင်ကြားကတွဲလောင်းလေး နောက်ပြီး ပုဆိုးတိုတိုဝတ်ထားတော့ ခြေသလုံးသားပိန်ပိန်လေးတွေက အမွှေးရှည်ကောက်ကောက်ကလေးများဖုံးလွှမ်းထားကာ  ကျစ်ကျစ်လစ်လစ်ဖြင့် ရင်ခုန်ချင်စရာ ကောင်းနေသည်။
ဟာ...
သွားစမ်းပါ လမ်းဘေးကလူတစ်ယောက်ကို အလကားနေရင်းဘာလို့သတိရနေရမှာလဲ သူ့မှာမိန်းမတွေဘာတွေရှိချင်ရှိနေမှာ...ဒီလိုဆင်းရဲတဲ့သူတွေက အိမ်ထောင်ပြုတာ စောတယ်ထင်တာပဲ...
အတွေးတချို့ကို ခေါင်းထဲမှ ထုတ်ပြစ်ဖို့ ကြိုးစားပေမဲ့ ငါးမျှားကြိုးတပ်ပေးနေတဲ့ သူ့ရဲ့လက်မောင်းကြွက်သားလေးတွေ လှုပ်ခတ်သွားတာကို မျက်စိထဲပြန်မြင်ယောင်နေကာ သူ့လက်မောင်းသားလေးတွေပေါ် မှီခိုနေချင်စိတ်တွေ တဖွားဖွား ပေါ်လာပြန်သည်။

ငါးမျှားချိတ် သံယောဇဥ်Where stories live. Discover now