Pt.1 🌹

313 3 0
                                    

ထာဝရ အိပ်စက်သွားပြီ ဖြစ်တဲ့ ခန္ဓာကိုယ်တစ်ခု ဘေးမှာ ကောင်မလေးတစ်ယောက် ငြိမ်သက်စွာ ထိုင်နေလေသည်။

တစ်နေကုန် ငိုထားသော အရှိန်ကြောင့် မျက်လုံးတေဟာ နီရဲပြီး မို့အစ်နေသည်။

အပြင်မှာလဲ မိုးကရွာနေသဖြင့် တကယ့် ဆွေးမြေ့ချင်စရာ ကောင်းလှသည်။

"သမီးချို..."

"...."

"သမီး ဒီမှာ ထိုင်နေတာကြာနေပြီ ထတော့လာ သမီး ထမင်းလေး ဘာလေးစားဦး သမီး"

"သကာ မစားချင်သေးဘူး တီလေး"

ပြန်ဖြေလိုက်တဲ့ အသံက တိုးလျစွာ...

"မရဘူးလေ သမီးလေး သမီးမစားရင် လဲကျသွားလိမ့်မယ် သမီးရဲ့ လာထထ တီလေး စကားနားထောင်ပါနော်"

"သကာ မစားပါရစေနဲ့ တီလေး...သကာ့ကို ခဏလောက် လွှတ်ထားပေးပါ"

ထိုသို့သာ ပြောပြီး နေရာမှ ထသွားလေသည်။

ဒေါ် ခင်ချိုဦးလဲ ဒီတူမလေးနဲ့ ဘာလုပ်ရမယ်မှန်း မသိတော့ပါ။

ထိုကလေးမလေးက သိပ်သနားစရာကောင်းလှသည်။

သူမရဲ့ အမေဖြစ်တဲ့ ဒေါ်ချိုချိုဦးကလဲသူမတို့ သားအဖအား စွန့်ပစ်သွားရှာသည်။

အခုနောက်ဆုံးတော့ သူမတို့ အားကိုးစရာဖြစ်တဲ့ တစ်ဦးတည်းသော အ ‌ေဖကလဲစွန့်ခွာ သွားရှာသည်။

ဒေါ်ခင်ချိုဦး ဒီကလေးမလေးကို အရမ်းသနားလှသည်။

ဖအေဖြစ်သူကလဲ အိမ်ကို ပြန်လာတဲ့ ရက်က ခပ်ရှားရှားရယ်။

သူမလေး တစ်ယောက်ထဲကသာ သူမရဲ့ တစ်ဦးတည်းသော မောင်လေးဖြစ်တဲ့ နွေချိုဦး ကို အိမ်မှာစောင့်ရှောက်ရလေသည်။

______________________

"သကာ သမီးလေး"

"ဟင်...ဖေဖေလား ဖေဖေ ပြန်လာတာလား ဖေဖေ သကာ့ကို မထားသွားဘူးပေါ့နော် ပြန်လာပြီပေါ့နော် ထပ်မထားသွားရဘူးနော် သကာ့ကို အဟင့် သကာကြောက်တယ် ဖေဖေ သကာအရမ်းကြောက်တယ် မေမေကလဲ ထားသွားပြီးပြီလေ ဖေဖေ သကာနဲ့ နွေချို့ကို မထားသွားပါနဲ့နော် ဖေဖေနော် သကာတို့ နားမှာ နေပေးပါ အဟင့်"

ချိုမြိန်သော ချစ်ခြင်း၏ "အစ"Where stories live. Discover now