" သမီး သကာ အန်တီ ဒီမှာ"
အန်တီ လက်ကာပြပြီး ခေါ်နေတာကို သကာမြင်သဖြင့် ထိုစားပွဲဝိုင်းလေးနားကို သကာသွားလိုက်သည်။
" သမီး ဒါ သမီးအိမ်ကို ဝယ်မဲ့သူရဲ့ လက်ထောက်ပေါ့ အိမ်ဝယ်မဲ့သူကတော့ မအားလို့ မလာနိုင်ဘူးတဲ့ သမီးရယ်"
ဟင်! အိမ်ဝယ်မဲ့သူက မလာနိုင်ဘူးဆိုဘဲ။ အေးပေါ့လေ သူတို့က လူချမ်းသာတေမို့ သကာတို့အိမ်လေးကိုတောင် ဒီလောက်ပိုက်ဆံပေးဝယ်မှာကို အလုပ်များတာလဲ ဖြစ်နိုင်တာပဲလေ။
သကာဘာမှ ဆက််မတွေးနေတော့ဘဲ လာရင်း ကိစ္စ စကားဆက်လိုက်လေသည်။
" ဪ ဟုတ်ကဲ့ပါ အန်တီ ဘာမှ မဖြစ်ပါဘူး အိမ် ရောင်းမဲ့ကိစ္စကိုပဲ ဆက်ဆွေးနွေးကြတာပေါ့ ဒီဘက်က အကိုကော အဆင်ပြေရဲ့လားရှင့်"
"ကျနော်က အထွေအထူးမရှိပါဘူးဗျ ကျနော့ ဘော့စ် ကဒီက ညီမရဲ့ အိမ်ကို ဝယ်ချင်တယ်ဆိုပြီး ပြောကတည်းက ကျနော်လဲ စိတ်ဝင်စားမိတာဗျ ကျနော့် ဘော့စ်က ပုံမှန်ဆို အ့လို သာမန်အိမ်တေဆို စိတ်ဝင်စားလေ့ မရှိဘူးလေ အယ်...."
အောင်ကျော်ဦးပြောရင်းမှ သကာ့မျက်နှာပျက်သွားတာ ကြည့်ပြီး သူစကားမှားသွားပြီမှန်း သိလိုက်လေသည်။
ရုတ်တရက် ဘော့စ်ပြောတဲ့ စကားတေကို ပြန်ကြားယောင်မိရင်....
"အောင်ကျော်ဦး!!!!"
"ဟာ ဘော့စ် ဘာလို့အော်တာလဲဗျာ ရုံးပြင်က လူတေ ကြားကုန်မယ်လေ"
"ကြားကြားပေါ့ဟ ဒါငါ့ရုံးလေ မင်းရုံးလား ဟမ် မင်း ေ-ာက်ချိုးကို ပြင် တစ်ခုခုဆို တအားစပ်စုတာလဲ ပြင် ငါ့ကို ဆရာကြီးလုပ်တာလဲပြင် နောက်တစ်ခါ အ့လိုထပ်လုပ်ရင် လျှာဖြတ်ပြီး အလုပ်ထုတ်ပစ်မယ်အေး"
"ဟာ မပြောတော့ပါဘူးဗျာ မမေးတော့ပါဘူး တောင်းပန်ပါတယ်ဗျာ"
"အေးပြီးရော နောက်ထပ် ထပ်ပြောရဦးမယ် မနက်ဖန် အိမ်သွားဝယ်ရင် မင်း အပိုစကားတေ တစ်ခွန်းမှ မဆိုလာနဲ့ ၁၅ မိနစ်နဲ့ အပြီး ဝယ်လာခဲ့ အေးမရလာလို့ကတော့ အသိပဲ"
"ဟုတ်ကဲ့ပါဗျ ဟုတ်ကဲ့ပါဗျ"
အောင်ကျော်ဦး ဘော့စ်စကားတေ ပြန်ကြားယောင်ရင်းမှ နာရီကိုကြည့်မိတော့
YOU ARE READING
ချိုမြိန်သော ချစ်ခြင်း၏ "အစ"
Random"ဒီမှာ ပျားသကာချို ငါမင်းကို တစ်ခုတော့ ပြောလိုက််မယ် ငါမင်းကို လက်ထပ်တယ်ဆိုတာက ငါ့အမှားအတွက် ငါတာဝန်ယူရုံပဲ ငါယောက်ျားစစ်ကြောင်း ပြတာ အဲ့တာကြောင့် မင်းနေရာမင်းသိပါ မင်းကို လက်ထက်လိုက်ပေမဲ့ မင်းက ငါ့အိမ်က အိမ်ဖော်လိုပဲ နေရမယ် ငါ့မိန်းမဆိုပြီး ဂုဏ်ဖော...