Pt.3 🌹

87 2 0
                                    

"အောင်ကျော်ဦး"

မအော်ဘဲ ခေါ်လိုက်တာဆိုပေမဲ့ သူ့ရဲ့အသံတေမှာ ဩဇာအတော်လေးပါနေသည်။

အသဲနုတဲ့ သူသာဆိုလျှင် ထိုနေရာမှာတင် တုန်နေလိမ့်မည်။

"ဗျာ ဘော့စ် ဗျာ"

"ငါခေါ်ရင် နောက်ခါ ချက်ချင်းလာ အခုလိုတေ ငါမကြိုက်ဘူး"

"ဟုတ်ကဲ့ပါဘော့စ်"

"ငါ အဲ့အိမ်ကို ဝယ်ချင်တယ်"

"ဗျာ....."

"အေး မနက်ဖြန်ပဲ "

"အစက ဘော့စ်ပဲ စိတ်မဝင်စားဘူးဆိုဗျာ"

"အ့ဲတာ အစက ငါစိတ်မဝင်စားဘူး အခုတော့ ငါစိတ်ဝင်စားသွားပြီ"

"ဘာလို့လဲဘော့စ်ရာ"

"အောင်ကျော်ဦး!!!"

အော်လိုက်တဲ့ အသံက အတော့်ပင် ဟိန်းထွက်သွားသည်။

သူ့ရုံးခန်းတင်မက အပြင်အထိ ကြားသွားရလောက်သည်။

*ဟယ် ဘာဖြစ်တာလဲ*

*အောင်ကျော်ဦးဘဝက မတွေးရဲစရာ*

*ဘော့စ်ဘာဖြစ်နေလဲ မသိဘူး ငါတော့သွားပါပြီ အခန်းထဲကို ဘယ်လိုသွားပြီး လက််မှတ်ထိုးခိုင်းရမလဲဟယ်*

*အေးဟယ်*

*အောင်ကျော်ဦးမွှေတာ အဲ့တာ*

ထိုကဲ့သို့ တီးတိုးသံများပင် ထွက်လာရလောက်တဲ့အထိပင် ကျယ်သွားလေသည်။

//////////////

"ရှင် ဒီအိမ်ကို ဝယ်မဲ့သူ တွေ့ပြီ ဟုတ်လား အန်တီ"

*သကာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ ချက်ချင်းရှာတွေ့တယ်တဲ့ သကာရယ် ဘုရားသိကြားမတာပဲ*

"ဟုတ်ပါ့သမီးရယ် အ့ဲတာ သမီးကို အန်တီ မနေ့ထဲက မေးလိုက််မို့ဟာ ဈေးဘယ်လောက်လိုချင်လဲ ဆိုတာ အန်တီလဲ မမေးဖြစ် သမီးကလဲ မပြောတော့ အန်တီ မေ့သွားတာ အခုပြောလေ သမီး ဈေးဘယ်လောက်လောက် ခေါ်ချင်လဲ"

အန်တီပြောမှ သကာစဥ်းစားမိပြန်သည်။

ဒီတစ်ခါလဲ အိမ်ကို ရောင်းမယ်သာ အားခဲထားမိတာ ဘယ်လောက်ဈေးနဲ့ ရောင်းမယ်ဆိုတာ သကာ မတွေးမိပြန်။

ချိုမြိန်သော ချစ်ခြင်း၏ "အစ"Where stories live. Discover now