Pt.2 🌹

105 2 0
                                    

သကာ တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ သို့ပေမဲ့ သကာ ဆုံးဖြတ်ချက်တော့ ချပြီးသွားလေပြီ။

"နွေချို နိုးပြီလား"

*ဒေါက် ဒေါက်*

နွေချိုညက စိတ်လှုပ်ရှားပြီး တော်တော်နှင့် အိပ်မရပေ။

မနက်ကျတော့ မမက လာနှိုးနေတော့ နွေချို အိပ်ချင်မူးတူးနှင့် ဘေးနားက ဖုန်းကို ယူကြည့်မိသည်။

"အခုမှ ၆နာရီပဲ ရှိသေးတာကို မမကလဲ အစောကြီး"

နွေချို ပွစိပွစိ ရွတ်ကာ ကုတင်မှ ထကာ တံခါးစီလျှောက်သွားလိုက်သည်။

သူ့စိတ်အတိုင်းသာဆိုရင် မမကလဲ အစောကြီးရှိသေးတာလို့ ပြောမိမှာ အမှန်။ ဒါပေမဲ့ မမက အစောထမှ ကြိုက်လေသည်။ အစောမထရင် အိမ်က ကြက််မွှေးက သူ့အတွက် ဖြစ်သွားလိမ့်မည်။

"နွေချို..."

*ဒေါက်...*

သကာ တံခါးပင် ခေါက်လို့ မဆုံးသေး နွေချိုက တံခါးကို ဖွင့်လာလေသည်။

"ဘာပြောမို့လဲ မမ"

စိတ်က မကြည်နေတာကြောင့် အသံက အနည်းငယ် တင်းမာနေသည်။

"ကိုယ်တော်ချော အခုမှ နိုးတာလား"

ဟုပြောကာ နွေချို့ ဗိုက်ကြောအား လိမ်စွဲလေသည်။

"အားး မမ မဟုတ်ဘူး နာတယ် အားး
မမ လွတ်"

ထိုမှသာ သကာ လွှတ်ပေးလေသည်။

"ဘာမဟုတ်တာလဲ ပါးစပ်နားက သွားရည်တေကို အရင်သုတ်ဦး ညစ်ပတ်လိုက်တာ မမပြောထားတယ်လေ နွေချို အမြဲ စောစော ထပါလို့ ယောက်ျားလေး ဆိုတာ ဝရိယ ရှိရမယ်လို့ မမ မပြောထားဘူးလား နွေချို"

ကဲ စပါပြီ။ မမရဲ့ တရားတေ စဟောပါပြီ။

နွေချို သွားရည်တေကို သုတ်ရင်း

"ဟုတ်ကဲ့ပါ ချစ်မမရယ် သားနောက်ဆို စောစော ထပါ့မယ်ဗျ"

*ရွှတ်*

ထိုသို့ပြောကာ သကာ့ ပါးအား နမ်းပြီး တံခါးကို ပြန်ပိတ်သွားလေသည်။

"ဟာနွေချို ညစ်ပတ်လိုက်တာ မျက်နှာ မသစ်ရသေးဘဲ လာနမ်းနေတယ် ‌ေနွချိုစုတ် ပြန်ထွက်လာမှ တွေ့ဦးမယ်"

ချိုမြိန်သော ချစ်ခြင်း၏ "အစ"Where stories live. Discover now