‌Part 1

27 1 2
                                    

1970 ၀န်းကျင်တွင် ပိုက်ဆံရှိလူဂုဏ်တန်းစားတို့ကျင်းပသောမင်္လာပွဲတစ်ခု။

မောင်သတိုးအောင်ရှိန်
+
မစိမ်းသူဇာ

‌‌"ဒေဝီ"

"ဪ မကလျာမြင့်ထင်"

"ဒေဝီရယ် အချင်းချင်းတွေ မမကလျာလို့ပဲခေါ်ပါ။
ဒေဝီက လှတုန်း၊နုတုန်း၊သွက်လက်တုန်းပါလား"

"အို ကျေးဇူးပါ မမကလျာ တို့ကအဘွားကြီးဖြစ်နေပါပြီ‌"

"တော်က အဘွားဖြစ်နေပြီဆို ကျုပ်တို့သေရတော့မယ်ကွယ်"

"မမကလျာရယ်"ဒေဝီပြုံးနေ၏။

"အောင်ရှိန်လေးတောင် အိမ်ထောင်ကျပြီပဲ ဒေဝီ
ဘာလိုလိုနဲ့တို့တွေလည်းအသက်တွေကြီးလာပြီ
ဒေဝီကော ဘယ်‌ေတာ့အိမ်ထောင်ပြုမှာလဲ"

"အဘွားကြီးဖြစ်နေပါပြီဆိုမမကလျာရယ်"

"အို ဘယ်နှယ့် ဒေဝီ့ကိုလိုချင်တဲ့ယောက်ျားတွေများ အများကြီကိုကွယ်။ ပြီးတော့ဒေဝီက လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုလောက်တုန်းကလိုလှတုန်းပါ" ကလျာမြင့်ထင်ဒေဝီမေးစေ့အားလက်ညှိးလေးဖြင့်ပင့်စေပြီးပြောသည်။

ဒေဝီခေါင်းကိုဘေးသို့ရမ်းလိုက်မိသည်။ ကလျာမြင့်ထင်၏အမှူအရာကြောင့် လွန်ခဲ့သောနှစ်ပေါင်းများစွာကမှတ်ဉာဏ်တစ်ချို့ ခေါင်းထဲပြန်ပေါ်လာချင်းကြောင့်ပင်ဖြစ်သည်။

"တော်ပါပြီ မမကလျာရယ် ကျွန်မဟိုဘက်ကိုသွားနှုတ်ဆက်လိုက်အုံးမယ် ခွင့်ပြုပါဦး"

"ဟုတ်ပြီ ဒေဝီ"

အတိတ်ကဖြစ်ခဲ့သောခံစားချက်များကိုမည်သို့ခေါင်းစဉ်တက်ရမည်နည်း။ ဒေဝီ ပတ်သက်ခဲ့ဖူးသူသည် ကလျာမြင့်ထင်နှင့် သွေးသားအရင်းအခြာဖြစ်ခဲ့သည်။

_

သတိုးဒေဝီ။အသက်မှာ 36နှစ်။ဆယ်စုနှစ်တစ်ခုနှစ်
တစ်ခုနှစ်ခုစာလောက်ငယ်သည်ဟုအများကပြောကြသည်။ သိပ်ကိုချောမောလှပပြီး အရပ်5'9 နှင့် လုံးကြီးပေါက်လှ လှပသည်။
သို့ပင်မဲ့အသားအရည်မှာ ဖြူလွန်းသည်မဟုတ်။ ညိုတိုတိုလေးဖြစ်သည်။ မသိသည့်သူဆိုလျှင် အိန္ဒိယကပြားဟု‌တောင်ထင်ကြသည်။

‌သတိုးဒေဝီWhere stories live. Discover now