"ဟေးး အားလုံးမမကြီးပြန်ရောက်နေပြီတဲ့ လုပ်စရာရှိတာ သေချာလုပ်ထားကျကွာ"
"မမကြီးပြန်ရောက်နေပြီတဲ့ဟေး"
တစ်အောင့်လောက်နေတော့ ဒေဝီစံအိမ်ကိုပြန်ရောက်တယ်။ ဒေဝီပင်ပန်းလာတယ်ကားစီးရတာလည်းမကြိုက်ဘူးလေ။
"သမီး ပြန်လည်ကြိုဆိုပါတယ်"
"မလိုပါဘူး ဒေါ်ေဒါ်နန်းရယ် ဒေဝီက သူစိမ်းမှမဟုတ်တာ"
"သမီးနားဦးမလား နေ့လယ်စာတန်းစားတော့မလားသမီး"
"နားအုံးမယ် ဒေါ်ဒေါ်နမ်း သမီးပင်ပန်းလာလို့"
"အေးအေး ဒါနဲ့အောင်ရှိန်တို့ကောတစ်ခါထဲလိုက်မလာဘူးလားကွယ် ကျုပ်က အောင်ရှိန်ဇနီးလေးကိုတွေ့ချင်နေပြီတော့"
"နောက်၂ရက်လောက်နေမှပြန်လာမယ်ပြောတယ်"
"ဟုတ်လား အောင်ရှိန့်ဇနီးလေးကချောလား သမီး"
"အဲ့တာတော့ လာမှပဲကြည့်တော့ ဒေါ်ဒေါ်နန်းရယ် သမီးအပေါ်တက်တော့မယ်။ ထမင်းကတော့ ဆာမှပဲဆင်းစားတော့မယ်။ အကယ်လို့သမီးမဆင်းလာဘူးဆိုရင် တိုးတိုးကို ကော်ဖီရယ် သံပုရာသီးတစ်လုံးရယ် လာပို့ခိုင်းပေးနော် ညနေနည်းနည်းစောင်းလို့မဆင်းလာဖြစ်ရင်ပါ"
"ဟုတ်ပါပြီသမီး"
ဒေဝီအခန်းထဲ၀င်ပြီး ကုတင်ပေါ်လှဲချလိုက်တာနဲ့ တန်းအိပ်ပျော်သွားတယ်။ ဒေဝီက အိပ်ရာအပြောင်းအလဲဆ်ုလည်းအိပ်မပျော်တဲ့သူလေ။
ဒေါက်..ဒေါက်..ဒေါက်
"မမကြီး သားကော်ဖီလာပို့တာပါ"
"အေးလာပြီ" ဒေဝီရေချိုးပြီးထွက်လာတဲ့အချိန်နဲ့ကွက်တိဖြစ်နေတာပေါ့ သဘက်ကို ပုခုံးနှင့် ရင်ဘက်တို့ကို လှုံအောင်ချုံပြီးအခန်းရှေ့ထွက်လာတယ်။
"သားရပြီနော် ကျေးဇူးပါ"
"ဟုတ်ကဲ့ ရပါပြီဗျမမကြီး"
ဒေဝီ ကလေးကိုပြုံးပြတာ ပါးချိုင့်နှစ်ဖက်လုံးပါပေါ််လာသေး။ အဲ့ကလေးကံကောင်းလိုက်တာ ဒေဝီပါးချိုင့်လေးတွေကို သူအမြင်ရဆုံး။
![](https://img.wattpad.com/cover/368777934-288-k88973.jpg)