"သူဇာရေ မပြီးသေးဘူးလားဗျာ မမကြီးနဲ့မောင်ကစောင့်နေတာ"
"လာပါပြီရှင့်" စိမ်းသူဇာ လှေကားပေါ်ကာ ခပ်မြန်မြန်လေးဆင်းလာမိသည်။ အောက်ကိုလည်းကြည့်ရင်း လက်မှာ ဆံသားတို့၌ နှင်းဆီပွင့်အနီရဲရဲလေးကိုပန်ရင်းဆင်းလာသည်။
ရုတ်တရပ် တံခါး၀တွင်ရပ်နေသော သတိုးဒေဝီက စိမ်းသူ့ဇာဘက်ကို လှည့်လာရာ ခြေလှမ်းတို့ရပ်တံ့သွားမိသည်။
ထိုအမျိုးသမီးသည် စစ်စိမ်းရောင်၀မ်းစပ်နှင့် လက်တွင်လည်း မိန်းမကိုင်ကိုတံတောင်နားထိရောက်အောင်ချိတ်ကာ လက်ပိုက်ထားသေးသည်။ နက်မှောင်သောဆံကေသာတို့ကို ဆုစီးကာဆံထုံးကိုလည်းခပ်မြင့်မြင့်ထုံးထားသည်။ မျက်နှာထံ၌လည်း သနပ်ခါးကို ပါးကွပ်မလိမ်းထားပဲ အလှပြင်ပစ္စည်းများကိုအနည်းငယ်သုံးထားသည်ကိုလည်းတွေ့ရသည်။
မမကြီးဒီနေ့ပိုလှတယ် လက်ထပ်ပွဲနေက ရှုပ်နေလို့ဘမျက်နှာလေးကိုသေချာမမြင်ရပေမဲ့ အခုသေချာမြင်ရပြီ။
"ဖြေးဖြေးဆင်းပါမောင့်သူဇာရယ်"
"အို သွားဆို့မောင်"
"ဟုတ်ပါပြီဗျ မမကြီးကျွန်ေတာ်တို့သွားကြမယ်နော်"
ဒေဝီခေါင်းသာငြိမ့်ပြ၍ ကားရှိရာသို့လျှောက်လမ်းလာခဲ့သည်။
"သူဇာ အရှေ့မှာစီးမလား မမကြီးကတော့ နောက်မှာပဲစီးလိမ့်မယ် မမကြီးက ရှေ့မှာစီးရတာမကြိုက်ဘူး"
"သူဇာလည်း ကားမောင်းတက်တာပဲ မောင်ရယ် သူဇာမောင်းပြီးလိုက်ပို့ရမလား"
အိုဒီမိန်ကလေးက ကားမောင်းတက်တာလား။
"သူဇာရယ် မောင်ပဲ မောင်းပါ့မယ် သူဇာမောင့်ဘေးနားထိုင်နော်"
"မထိုင်ဘူး"
"ဟောဗျာ ထိုင်ပါနော် မောင့်မမသူဇာ"
"မထိုင်ဘူးဆို"
"ဟေးးးမင်းတို့ တစ်တီတူးနေတာနဲ့ တို့ဒီနေ့ဘုရားရောက်ဦးမှာလား"
"မမကြီးတောင်ပြောနေပြီ မောင်ကလည်း သူဇာအနောက်မှာပဲထိုင်တော့မယ်" အောင်ရှိန့်ရင်ဘက်ကို အားမပါပဲထုတော့ ဒီကောင်ကြီးကအရည်ပျော်ရပြီပေါ့ဗျာ
