"မေမေ ညို နှိမ့်ပေးတာကောင်းရဲ့လား "
"အဆင်ပြေသားကွဲ့"
ညိုတို့မိသားစုမှာ ညစာစားပြီးသည်နှင့် အပေါ်ထပ်၌ စကားစမြည်းပြောကာ ညို၏မေမေအား နှိမ့်နယ်ပေးလေ့ရှိသည်။ ညနေစောင်း တွင်ညို၏တပည့်မလေးနှစ်ယောက်ပြန်သွားပြီးကတည်းကပင် ညိုချက်ပြုတ်ရသည်နှင့် ကောင်းကောင်းမနားရသေးပေ ...
"မေမေ ...ဒါဖြင့် ညိုနားတော့မယ် ဖေဖေနဲ့ မေမေလည်းစောစောအိပ်နှင့်ဦး "
ညိုပြောရင်း အောက်ထပ်ရှိအခန်းရှိရာသို့ဆင်းသွားလေသည်။
အခန်းထဲရောက်သည်နှင့် ကျောင်းသွားလျင်ကိုင်နေကြဖြစ်သော လက်ကိုင်အိတ်လေးထဲမှ ဖုန်းထုတ်တာ နေ့စဉ်မပြတ်ခေါ်နေကျဖြစ်သည့် ဖုန်းနံပါတ်လေးတစ်ခုအားcontactမှတစ်ဆင့်ခေါ်လိုက်သည်။"တီ...တီ..."
ဖုန်းဝင်သံတို့အဆုံးတွင် ကိုင်မည့်သူမရှိသည့်အလား တိတ်ဆိတ်သွားပြန်သည်။
ညိုသက်ပြင်းလေးအသာချကာ ဖုန်းအားလက်ကိုင်အိတ်ထဲသို့ပြန်ထည့်မည်အပြုတွင် အိတ်ထဲရှိစာတစ်စောင်အားသတိရမိသွားသည်။ ညနေကျောင်းဆင်းချိန်အိမ်ပြန်နောက်ကျသည်ကတစ်ကြောင်း ခလေးမလေးနှစ်ယောက်အားမစောင့်စေချင်သည်ကတစ်ကြောင်းဖြင့် ထိုစာနှင့်ပက်သက်၍ ညိုဆူစရာရှိသည်ကိုမဆူဖြစ်လိုက်ပေ ။
ဆယ်တန်းအခန်းအချိန်ပိုအတွင်း ကောင်လေးတစ်ယောက်၏စာအုပ်ထဲမှာရခဲ့သော စာတစ်စောင်အားညို သေချာလေးပြန်ဖတ်ရန် လက်ကိုင်အိတ်အတွင်းမှထုတ်ကာဖတ်လိုက်သည်။' သို့ /
ညီမလေး ရီ ...အစ်ကို့ကိုတော့ ညီမလေး သိမယ်မထင်ပါဘူး
အစ်ကိုက ညီမလေးကိုစတွေ့တဲ့နေ့ကတည်းကခိုးခိုးပြီးသေဘာကျနေရသူပါ
ညီမလေးရဲ့အပြုမူတိုင်းက
အစ်ကို့ဖို့တော့ချစ်စရာတွေချည်းပါပဲ ကွာ ...
သူများတကာက ရီ့ကို နွေလို့ခေါ်ကြပေမယ့် အစ်ကိုကတော့
YOU ARE READING
ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)
Romance"လူတကာက အချစ်ဆိုတဲ့အရာကိုအဓိပ္ပါယ်အမျိုးမျိုးဖွဲ့ကြပေမယ့် နွေကတော့အချစ်ဆိုတာကို ဂန္တာရထဲကရေတစ်စက်လို့တင်စားချင်တယ်"