မိုးရာသီမကုန်သေးသ၍ မိုးဖွဲဖွဲလေးအားမြင်တွေ့နေရဦးပေမည်။
သည်ေန့မနက်တွင်လည်း စာမေးပွဲဖြေရန်ကျောင်းသို့အလာ မိုးကဖွဲဖွဲကလေးရွာနေပြန်သည်။ဒီမနက် ဆရာမခရေညိုအိမ်တွင်စောစောထကာ စာပြန်နွေးထားသဖြင့် လောလောလပ်လပ်ပူနွေးနေတုန်းရှိသေးသည့် စာတွေမှာ နွေ့ဖို့ပိုင်နိုင်နေလေပြီ .... ကျောင်းသို့ဝတ်မှုန်နှင့်တူတူလာခဲ့သော်လည်း စာမေးပွဲဖြေရမည့်အခန်းမှာမတူသဖြင့် ကိုယ်စီအခန်းရှိရာရှေ့သွားကာ ကျောင်းခေါင်းလောင်းသံအားစောင့်နေရသည်။
ထိုစဉ် ခေါင်းလောင်းသံကြား၍ နွေအပါဝင် ကျောင်းသူကျောင်းသားများအားလုံးကိုယ်စီဖြေရမည့်အခန်းတွင်းသို့ဝင်ကြသည်။ အခန်းစောင့်ဆရာများအနေဖြင့်တစ်ခန်းလျှင် ဆရာ၊ဆရာမ နှစ်ယောက်စီရှိသည်။
"ဖြေလွှာပေါ်မှာ သားတို့သမီးတို့ရဲ့ ခုံနံပါတ် ကိုရှင်းလင်းမှန်ကန်အောင်ရေးမယ် ပြီးရင် အခန်းစောင့်ဆရာမရဲ့ လက်မှတ်၊ေကျာင်းရ့ဲစည်းတံဆိပ် ပါ မပါစစ်ပေးမယ်"
အခန်းတွင်းသို့ဝင်ဝင်ချင်းအခန်းစောင့်ဆရာမ၏ စာမေးပွဲစည်းမျဉ်းစည်းကမ်းတွေအကြောင်းဦးစွာနားထောင်ရသည်။
သည်နေ့တွင် နွေဖြေဆိုသည့် စာမေးပွဲအခန်းအား ဆယ်တန်းအေး၏အတန်းပိုင်ဆရာမနှင့် နွေနှင့်ဆုံဖူးသည့် ဆရာမဒေါ်သစ်ခက်ဝေတို့နှစ်ဦးစောင့်ကြပ်ကြသည်။ဆရာမသစ်ခက်ဝေမှာ နွေသတိထားမိသည်မှာအရင်ကထက်ပို၍ ပိန်ကျသွားသည်...ဆရာမခရေညိုနှင့် တရင်းတနှီရှိနေရာမှနောက်ပိုင်းတွင်အခေါ်အပြောပဲမရှိတော့သည်ပင် ...
နွေ ဖြေလွှာစာအုပ်အားကြည့်ကာ အတွေးလွန်နေမိပြန်သည်။
ဒုတိယအကြိမ်ခေါင်းလောင်းခေါက်သံကြာမှအသိပြန်ဝင်လာကာ မေးခွန်းစာရွက်ကမ်းပေးလာသည့် ဆရာမသစ်ခက်ဝေအားပြုံးပြလိုက်မိသည်။
"အဆင်ပြေတဲ့မလား ..."
ဆရာမသစ်ခက်ဝေဆီမှ မပွင့်တပွင့်စကားတစ်ခွန်းအား နွေ့နားကဖြတ်သွားစဉ် နွေ့အားရည်ရွယ်၍ ပြောသွားမှန်းကောင်းကောင်းကြီးသိလိုက်သည်။
YOU ARE READING
ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)
Romance"လူတကာက အချစ်ဆိုတဲ့အရာကိုအဓိပ္ပါယ်အမျိုးမျိုးဖွဲ့ကြပေမယ့် နွေကတော့အချစ်ဆိုတာကို ဂန္တာရထဲကရေတစ်စက်လို့တင်စားချင်တယ်"