မနက်ခင်း၏ သာယာမှုနှင့်အတူ ပြင်းရှရှနေရောင်တို့က နွေနရီ၏အခန်းအတွင်းမှန်ပြတင်းမှတဆင့် တိုးဝင်လာသည်။
မိုးသားတို့ကင်းစင်နေသည့် နံနက်အချိန်အား နေရောင်တို့ကဦးစီးနေသည်။ နွေအိပ်ရာမှနိုးနိုးချင်း မျက်စိအသာဖွင့်၍အကြောအသာလျော့လိုက်သည်။ အိပ်ချင်မူးတူးဖြင့် ကုတင်အောက်ရောက်နေသည်ကိုပင် ထိတ်လန့်သွားပြီး ခဏအကြာမှညကအကြောင်းအရာတွေအားပြန်သတိရ၍ ကုတင်ပေါ်သို့လှမ်းကြည့်မိသည်။
ကုတင်ပေါ်တွင် ဒေါ်ခရေညိုပင်မရှိနေတော့၍ နွေအခန်းတွင်းမှနာရီအားကြည့်လိုက်ရာ 7နာရီခွဲလုနီးပြီဖြစ်သည်။ ကျောင်းသွားရန်ပြင်ဆင်ရတော့မည်ဖြစ်၍အိပ်နေရာမှချက်ချင်းထကာရေချိုးခန်းတွင်းသို့ပြေးဝင်ရတော့သည်။
မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးသည်နှင့် နံနက်စာစားရန် အောက်ထပ်သို့ဆင်းလာသဆည်။အောက်ထပ်အရောက်တွင် ...
"နွေ နိုးပြီးလား..ရှစ်နာရီတောင်ထိုးတော့မယ် မနက်စာမြန်မြန်စား ပြီးတာနဲ့ ကျောင်းအဝတ်စားလဲပြီးစောင့်နေ "
မီးဖိုခန်းတွင်းမှအစ်မငွေ၏ စကားကြောင့်နွေမနက်စောစောမျက်မှောင်ကြုပ်မိပြန်သည်။
"နွေက ဘာလို့စောင့်ရမှာလဲ နွေပြီးတာနဲ့ ကျောင်းသွားနှင့်မယ် ဒါနဲ့ ဆရာမ ကောဘယ်ချိန်ကပြန်သွားတာလဲ "
"နွေမနိုးခင်မနက်အစောကြီးကတည်းကပြန်သွားတာ "
ဆရာမညိုမှာ ပြန်သွားသည်ကိုပင်နွေ့အားမပြောသွား၍ နွေစိတ်ထဲအလိုမကျဖြစ်မိပြန်သည်။
"အစ်မငွေကော ဘယ်ချိန်သွားမှာလဲ ပြင်ထားတာဖြင့်ကျော့လို့ "
"ဒါပေါ့နွေရဲ့ အစ်မငွေက တက္ကသိုလ်ကျောင်းသူကြီးလေ ဒီလောက်တော့ပြင်ရမှာပေါ့ "
ငွေမှာဒူးဖူံဂါဝန် ဗေဒါရောင်လေးအားဝတ်ထားကာ ကျောလယ်လောက်ရှိသည့်ဆံပင်တို့အားနှစ်ဖက်ခွဲ၍ ဆံကျစ်လေးကျစ်ထားသဖြင့် မိန်းကလေးဆန်ဆန်ချစ်စဖွယ်ပုံစံဖြစ်နေလေသည်။
လက်ထဲတွင် ကိုင်ထားသောခေါက်အိတ်လေးမှာလည်းဗေဒါရောင်လေးဖြစ်၍ ထိုအိတ်အတွင်းရှိငွေ၏ ဖုန်းမှာnotiသံတစ်ခုကြားရဖြင့် ငွေဖွင့်ကြည့်လိုက်မိသည် ထို့နောက် နွေ့မျက်နှာအားကြည့်ကာ ...
YOU ARE READING
ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)
Romans"လူတကာက အချစ်ဆိုတဲ့အရာကိုအဓိပ္ပါယ်အမျိုးမျိုးဖွဲ့ကြပေမယ့် နွေကတော့အချစ်ဆိုတာကို ဂန္တာရထဲကရေတစ်စက်လို့တင်စားချင်တယ်"