"ယား..ညောင်းလိုက်တာ.."
တစ်နေကုန်ငါးထိုင်မြှားပေမဲ့ ငါးသုံးကောင်သာရပြီးရိပေါ်ရဲ့ ငါးမြှားခြင်းဟာအဆုံးသတ်ခဲ့သည်။ ရသည့်ငါးကိုလည်း ထိုမြစ်ကမ်းဘေးမှာတင်ကင်စားခဲ့ကြသည်။
တည်းခိုဆောင်ငှားပြီးသူတို့နားဖို့ပြင်တော့
ကုတင်ပေါ်ပစ်စလတ်ခတ်လှဲလိုက်သည်။ ညောင်းညာကိုက်ခဲနေသည့် တစ်ကိုယ်လုံးကို အကြောလျော့ကာအနားယူရင်း သူမျက်ဝန်းညိုလေးတစ်စုံကို အမှတ်ရမိ၏။ဝိုင်းစက်ကာအရည်တလဲ့လဲ့မျက်ဝန်းလေး။ ထိုမျက်ဝန်းညိုလေးထဲမှာ သူ့ပုံရိပ်တွေထင်နေတာကိုသူသဘောကျသည်။ သူ့ကိုမော့ကြည့်နေသည့်မျက်နှာနုနုလေးကို သူမေးဖျားလေးကနေပင့်ကာ နှုတ်ခမ်းနုနုရဲရဲလေးကို နမ်းရှိုက်ချင်သည်။
မျက်နှာလေးတစ်ခုလုံးနုအက်နေကာ သွေးကြောစိမ်းလေးတွေပါ ယှက်သန်းနေတာကိုမြင်နေရတာမလို့ သူအူယားရသည်။ထိုမျက်နှာလေးကိုလည်း နေရာအနှံ့သူနမ်းရှိုက်ချင်လှသည်။
အသားအရည်ကြည်ကြည်လေးနှင့် နို့နှစ်ရောင် ဝတ်ရုံလေးဝတ်ထားပုံက ပုလဲလုံးလေးလို သိပ်ကိုလှသည်။သူ့ကိုကျောခိုင်းကာပြေးသွားတုန်းက မြင်လိုက်ရသည့်ဆံနွယ်ရှည်လေးတွေ။
သူနဲ့ထိမ်းမြှားပြီးရင် ထိုဆံနွယ်ရှည်လေးတွေကိုသူကိုယ်တိုင်ဖီးသင်ပေးမည်။
မနက်တိုင်းကို အလှလေးအားရင်ခွင်ထဲထည့်ကာနိုးထပြီး ညတိုင်းကိုအလှလေးနဲ့ဖက်ပြီးအိပ်စက်မည်။ လပြည့်ညတွေရောက်ရင်လက်နုနုလေးတွေကို ယှက်သန်းတွယ်ကာ. သူရသည့်ကဗျာလေးတွေကိုရွတ်ဆိုပြမည်။သူအတွေးလွန်တာကို ကိုယ့်ဟာကိုသတိထားမိတော့
"ဟား....ကိုယ့်ကိုရူးအောင်ပြုစားတာ မင်းလေးက ကဝေပျိုလေးလားကွာ.."သူမြင်ခဲ့ရသည့်နှုတ်ခမ်းလေးတွေ၊ မျက်ဝန်းလေးတွေကိုတွေးရင်း သူမျက်လုံးတွေတဖြေးဖြေးငိုက်ဆင်းလာကာ အိပ်ပျော်သွားတော့သည်။
//////////////////
"ဒီမှာ ညစျေးလဲစည်သားပဲနော်...."