"ဟူး.မောတာကွာ.."
နဖူးပြင်ပေါ်ကချွေးတွေကိုရိပေါ်သပ်ချလိုက်ရင်း ကျန်းချန်ကမ်းပေးလာတဲ့ရေဘူးကိုမော့သောက်လ်ိုက်သည်။ သူကအခုလမ်းခင်းနေရသည်။
နန်းတော်ကဘုရင်ကြီးရဲ့သားတော်တစ်ပါးကအခု လူမသိသူမသိရွာလေးရဲ့လမ်းက်ိုခင်းပေးနေရသည်။ဒါက ချန်းဝမ်ရင်ကိုထိုးနှက်ခဲ့သည့်ရိပေါ်ရဲ့အပြစ်ဒဏ်။ ရွာကနေမြို့ကို့သွားသည့်လမ်းမကြီးကလှည်းလမ်းကြောင်းတွေကြောင့်လမ်းကတစ်ဖက်နိမ့်တစ်ဖက်မြင့်မညီချေ။ ရွာသားတွေကဒီလမ်းကိုမသုံးပဲ တောတောင်ထဲကနေကွေ့ပတ်သွားနေကြသည်တဲ့။ ဒါကြောင့်ရိပေါ်ရဲ့အပြစ်ကဒီလမ်းကိုပြင်ဖို့ဖြစ်သွားသည်။
ကျန်းချန်ကသူပဲပြင်မယ်ပြောပေမဲ့ ရိပေါ်သူ့ကိုအပြစ်ကိုသူများကိုမခိုင်းချင်တာကြောင့် သူကိုယ်တိုင် ကျောက်ချေ၊ ကျောက်သယ်၊လမ်းဖို့လုပ်နေသည်။ သူဟာကြမ်းတမ်းတဲ့ပညာတွေလေ့ကျင့်သားရှိတဲ့ သူပေမဲ့ မင်းသားတစ်ပါးဆိုသည့် အကြမ်းပတမ်းမခံနိုင်မှုကိုငြင်းမရ။ သူ့လက်တွေပေါက်ပြဲကုန်တာ ပထမဆုံးရက်မှာတင် ရှောင်းကျန့်ဆေးပတ်တီးကိုင်ပေးရသည်အထိ။
ရှောင်းကျန့်ကလဲ သူ့ကိုကူလုပ်ချင်ပေမဲ့ သူအတင်းနှင်လွတ်ထားတာကြောင့် သူ့နဲ့အတူတူလမ်းကူမခင်းရဲ။ သူတို့စားဖို့သောက်ဖို့ကိုသာနေ့တိုင်းပြင်ဆင်ပြီးထမင်းတောင်းလာလာပို့သည်။ သူကလည်းဒါကိုပဲသဘောကျသည်။
ခင်ပွန်းကအလုပ်လုပ် ဇနီးကထမင်းတောင်းလာပို့ပေါ့။
ဒါပေမဲ့သူကတော့ အလုပ်လုပ်နေတာမဟူတ်သလိုရှောင်းရဲ့ခင်ပွန်းလည်းဟုတ်မနေခဲ့။"သခင်လေး ဒီလမ်းနားတစ်လျှောက်ခင်းပြီးရင် နားကြစို့ဗျာ.."
"အေးအေး ငါလဲအတော်ပန်းနေပြီ ဒီနေ့ကနေအတော်ပြင်းသားဟ.."
ရိပေါ်လေပူတွေကိုမှုတ်ထုတ်ပြီးကျောက်သယ်ဖို့ပြင်တုန်း သူ့နားကိုအရိပ်မျိုးစုံချဥ်းကပ်လာသည်။ သူဆတ်ခနဲလန့်သွားပြီးမော့ကြည့်တော့ မိန်းမပျိုတွေ။