ပန်းလေးတွေဟာသူတို့ရဲ့အလှနှင့်
သဘာဝအလှကိုဖန်တီးသည်။ သူတို့ပွင့်လန်းချိန်မှာအလှဆုံးပွင့်လန်းပြီး တာဝန်ကိုထမ်းဆောင်ကာ ကြွေချိန်ရောက်ရင်တော့ မြေပြင်ပေါ်တစ်လွှာချင်းကြွေကျရသည်။ ရိပေါ်ကပန်းတွေထဲ တံတိုင်းမွှေးပန်းတွေကိုအကြိုက်ဆုံး။ ရိပေါ်ရဲ့မယ်တော်ရဲ့အကြိုက်ဆုံးပန်းဖြစ်သလို သူတို့တော်ဝင်မျိုးနွယ်ရဲ့အမြတ်တနိုးထားသည့် တော်ဝင်ပန်းတစ်မျိုးလဲဖြစ်သည်။ရိပေါ်ရဲ့မယ်တော်ဟာ အချိန်မရောက်ပဲအခြွေခံလိုက်ရတဲ့တံတိုင်းမွှေးပန်းလို သူ့ဘဝထဲကအစောကြီးထွက်သွားခဲ့သည်။ ရိပေါ်ကတော့သူ့အမေကိုပန်းလို့တင်စားမိခဲ့သည့်နေ့ကစပြီး ပန်းဆို ဘယ်သူ့အတွက်မှရည်ရွယ်ပြီးတော့သူ မခူးခဲ့။ သူ့အမေလိုမဟုတ်ပဲ အလှဆုံးပွင့်လန်းပြီး သူ့အချိန်တန်မှကြွေကျသွားတာကိုပဲ သူပိုလိုချင်ခဲ့သည်။ အခုရိပေါ်ကတော့ ပန်းတစ်ပွင့်ကိုခြွေမိသွားပြီထင်၏။
သူခြွေထားသည့်ပန်းလေးသည့် အခုသူ့ရင်ဘက်ကိုမျက်နှာအပ်လို့ငိုကြွေးနေသည်။ ဖြူနုနေသည့်ကျောပြင်မှာ ဆံနွယ်ရှည်တွေဟာရှုပ်ယှက်ခတ်နေသည်။ သူခူးခဲ့သည့်ပန်းသည် ပန်းတကာ့ပန်းထဲမှာ အလှဆုံးတစ်ပွင့်လည်းဖြစ်သည်။
ရှိုက်သံတိုးတိုးနဲ့ငိုကြွေးနေသည့်ပန်းလေးကိုသူ့ကိုယ်ပေါ်ဆွဲတင်လိုက်သည်။
ရှောင်းနဲ့သူရဲ့ကိုယ်ပေါ်မှာ ချွေးစီးတွေရှိနေသည်။ အနည်းငယ်ပြင်းသည့်အနံ့တွေဟာသူတို့ကိုယ်ကြားပြန့်ကြဲနေသည်။ခါးလေးကနေဆွဲယူကာငိုယိုနေသည့်ရှောင်းရဲ့မျက်နှာလေးကိုသူအကြမ်းပတမ်းဆွဲကိုင်ကာ နှုတ်ခမ်းလေးကိုဆွဲငုံလိုက်သည်။ ရုန်းကန်နေသည့်ကောင်လေးကသူ့ရင်ဘက်ကို ထုရိုက်သည်။ ဒါပေမဲ့ ရိပေါ်အားကိုမတွန်းလှန်နိုင်ပဲရှိနေသည်။
"ငြိမ်ငြိမ်နေ...."
သူတောင်းဆိုတာမဟုတ်ပဲ အမိန့်ပေးမိတာဖြစ်သည်။ သူ့အမိန့်ကိုလည်းနာခံစေချင်နေသည်။ တွန်းကန်နေသည့်ကောင်လေးကရပ်သွားသည်။ သူ့ရင်ထဲမွန်းကြပ်နေတာကိုဖြေဖျောက်ဖို့ ရှောင်းရဲ့လည်တိုင်ကြားသူမျက်နှာအပ်လိုက်သည်။ ခပ်သင်းသင်းရနံ့ဟာ ရိပေါ်ရဲ့စိတ်အစုံကိုကြည်လင်သွားစေသည်။ ဆံပင်တွေဖရိုဖရဲဖြစ်နေသည့်ကောင်လေးကသူ့အောက်ကနေတသိမ့်သိမ့်ရှိုက်ငိုနေသည်။ သူသိသည်။ သူသိမ်းပိုက်လိုက်တာအတွက်ရှောင်းကအဆင်သင့်မဖြစ်သေး။ ဒါပေမဲ့....