မိဖုရားလောင်းကိုဝေါယဥ်ထဲထိုးထည့်ပြီးမင်းနေပြည်တော်ကို သုတ်ခြေတင်လာကြသည့်သူတို့တစ်သိုက်က ဝေါယဥ်ထဲကထုရိုက်နေသည့်မိဖုရားလောင်းကိုလျစ်လျူရှုခဲ့ကြသည်။ ထုရိုက်နေသံအပြင်တစ်ချက်တစ်ချက်အော်သံသေးသေးလေးကိုလည်းကြားနေရသေးသည်။
ဒါပေမဲ့ ထိုအသံတွေသည် သူတို့မြို့တစ်မြို့ကိုဖြတ်ပြီးတဲ့အခါမှာတော့လုံးဝတိတ်ဆိတ်သွားတော့သည်။
"ခေါင်းဆောင် မိဖုရားငြိမ်သွားပြီ..."
"မောသွားလို့နေမယ်...ငါရေသောက်မလားမေးလိုက်ဦးမယ်.."
ဝေါယဥ်ပြတင်းပေါက်နားကပ်သွားသည့်ဟောက်ရွှမ်းသည် အထဲကအသံကိုနားစွင့်လိုက်ပေမဲ့ တိတ်ဆိတ်နေတာကြောင့်သူအသာခေါ်လိုက်သည်။
"မိဖုရားလောင်းခင်ဗျ..."
".........."
"ဟို..ရေသောက်ဦးမလားခင်ဗျာ..."
"ရေ...ရေပေးပါ."
အသံတိုးတိုးလေးထွက်လာတော့ သူပြတင်းပေါက်ကိုအသာလှပ်ရင်း ရေဘူးပေးဖို့ပြင်ပေမဲ့ ပြတင်းပေါက်လှပ်လိုက်တာနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူထိတ်ပြာသွားရသည်။
"အရှင်မ.!!"
ဝေါယဥ်နံရံကိုမှီကာခွေလဲနေသည့် မိဖုရားလောင်းသည် ချွေးစီးတွေရွှဲစိုနေပြီး နှုတ်ခမ်းတွေကလည်း ဖြူဖျော့နေသည်။
"ရေ...ရေပေးပါ.."
"ဝေါယဥ်ကိုရပ်စမ်း!.."
သူအမိန့်ကြောင့်ဝေါယဥ်ရပ်သွားသည့်အခါ သူဝေါယဥ်တံခါးကိုအမြန်ဆွဲဖွင့်ရင်း
"အရှင်မ..သတိထားပါဦး.."
မိဖုရားလောင်းဟာသူတိုက်သည့်ရေကိုအငမ်းမရသောက်သည်။ ဘာကြောင့်ဒီလောက်ထိဖြူဖျော့သွားရသလဲသူမတွေးတတ်ခင်မှာတင်
"ပြတင်းပေါက်....အဲ့တာတော့ဖွင့်ထားပေးပါ.."
"အာ ....တောင်းပန်ပါတယ်ခင်ဗျာ့..ကျွန်တော်တို့
မတွေးမိဘူးဖြစ်သွားပါတယ်.တကယ်တောင်းပန်ပါတယ်...အထဲမှာ အရမ်းပူနေမှာပဲ."