P-5 U/Z

188 12 0
                                    

မနက်ခင်း၏အလင်းရောင်ဖျဖျက လိုက်ကာပါးပါးတို့ကာရံထားသောအခန်းတွင်းသို့ တိုးဝင်ဖြာကျလာ၏မှိတ်ထားသောမျက်လုံးအစုံမှာ ပွင့်လာရချေပြီ။
ဗညားနိုးသည်နှင့် အခန်းလိုက်ကာတို့ကိုဆွဲဖွင့်ပြီးမနက်ခင်းနေရောင်ခြည်ခပ်နွေးနွေးနှင့် လက်တို့အားထိတွေ့လိုက်သည်။
ပြီးနောက်မနက်ခင်းအမှုကိစ္စတို့ကိုဆောင်ရွက်ပြီးအိမ်အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။အိမ်အောက်ထပ်ရောက်တာနဲ့ လှေကားနားရပ်နေတဲ့မျက်နှာခပ်ဝင်းဝင်းလေးကြောင့် ဒီနေ့ကားပြည့်စုံမှုရှိပြီဟုခံစားလိုက်ရတယ်။ကိုယ့်ကိုမြင်သည်နှင့်ခေါင်းငုံရပ်နေသောသူရှေ့မတ်တပ်ရပ်လိုက်ပြီး သူ့လက်မောင်းကနေ အဒေါ်မြရပ်နေသည့်ထမင်းစားခန်းထဲဆွဲခေါ်လာခဲ့လိုက်သည်။

"ဘာလုပ်တာလဲလွှတ်စမ်း!"

"ကိုယ်ကမင်းသရုပ်မှန်ကိုသိပြီဆိုတာနဲ့သိပ်ကိုရဲတင်းလွန်းသွားတယ်နော်"

မိုးမိုက်သည်သူ့ဘဝအမှန်ကို ထိုလူသိပြီဆိုတာသိတဲ့နေ့ကစ ပုံမှန်ယောကျာ်းလေးတစ်ယောက်လိုပဲနေထိုင်တော့တာဖြစ်သည်။စစပိုင်းတွင်အဒေါ်မြကအတင်းမေးသော်လဲသူအားလုံးပြောပြလိုက်၍သဘောပေါက်ပြီး'သခင်လေးကိုအားနာလိုက်တာ'ဟုသည်တစ်ခွန်းသာပြောသည်။ကိုဟိန်းဆိုသူကတော့ မိုးမိုက်ကိုသိပ်ဂရုမစိုက်၊ပုံစံပြောင်းသွားတော့လဲအံ့သြပုံမပေါ်။ထိုလူ့ရဲ့လူယုံပဲဆိုတော့အစထဲကသိထားပုံရပါသည်။

"ဟယ် ဘာဖြစ်ကြတာလဲ၊ဘာမကျေမနပ်ဖြစ်လို့လဲ သခင်လေး"

"အဟက်! မကျေမနပ်မဖြစ်ပါဘူး။ခွင့်တောင်းစရာလေးရှိလို့ပါ"

"အို...သခင်လေးရယ်၊ခွင့်တောင်းစရာဘာများလဲကွယ် မလိုပါဘူးရှင့်"

"အဒေါ်မြတူနဲ့လက်ထက်ချင်တယ်"

"ရှင်!"

သူ့အပြောကြောင့်ဘေးတွင်ရပ်နေသောမိုးမိုက်နှင့်ကိုဟိန်းပါလန့်သွားရသည်။အဒေါ်မြမှာတော့ပိုဆိုး။အရင်ကသူလက်ထက်ချင်သည်ပြောခဲ့တဲ့စကားကိုကိုယ့်ကိုသက်သက်အရှက်ရအောင်ပြောသည်ပဲထင်ခဲ့မိတာ။ယခုမူတော့ထိုသို့မဟုတ်၊သူကအဒေါ်မြကိုပါလာပြောနေပြီ။

လှည့်ကွက်များ၏နောက်ကွယ်(Ongoing)Where stories live. Discover now