ခြံဝင်းကျယ်ကျယ် အိမ်ကြီးအတွင်း အခန်းများမြောက်များစွာရှိသကဲ့သို့ လျှို့ဝှက်ခန်းများ၊မြေအောက်ခန်းများမှာလဲအများသား၊မိုးမိုက် ထိုအိမ်ပေါ်ရောက်ပြီးတစ်ပတ်အတွင်း အိမ်၏အချက်အလက်၊ဖွဲ့စည်းပုံတို့ကို လေ့လာမှတ်သားရင်းစာအုပ်ထဲတွင် ရေးချထားခဲ့သည်။အိမ်အပြင်ဘက်တွင် နီညိုရောင်ဆေးများသုတ်ထားသော်ငြား အတွင်းဘက်တွင်တော့ သစ်သားအရောင်ဖြင့်သာအရာအားလုံးအသုံးပြုထား၏
အိမ်ကြီးထဲတွင်ဗညားပိုင်ဇေဆိုသူအပါအဝင် လူလေးယောက်သာနေထိုင်၏ထိုအထဲတွင် မိုးမိုက်အပါအဝင်ဆို လူကစုစုပေါင်း၆ယောက်သာရှိ၏
မိန်းမသားဆိုသူက အဒေါ်မြနှင့်နောက်ထပ်ကလေးမလေး ခိုင်ခိုင်တို့သာရှိသည်။ကျန်သည့်လူကခြံစောင်ဦးဝင်းကြည်နှင့် ဗညားပိုင်ဇေ၏အတွင်းရေးကိစ္စတွေကိုလုပ်ဆောင်ပေးရသူ ကိုဟိန်း ဆိုသူနှင့်ယခု မိုးမိုက်၊ဗညားပိုင်ဇေတို့သာဖြစ်သည်။ဗညားပိုင်ဇေသည် သူ့ရဲ့အကြောင်းတွေအား သိမှာဆိုး၍အိမ်တွင်အလုပ်သမားအများကြီးမထားပဲ ရင်းနှီးသည့်သူလောက်သာထားတာဖြစ်မည်။ဗညားပိုင်ဇေသည်ခေတ်ပညာတတ်၊ငွေကြေး၊အာဏာရှိလူတန်းစားတစ်ရပ်ဖြစ်သည်။ယခုလိုအခြေအနေခေတ်မျိုးတွင် ခေတ်ပညာတတ်ဟူ၍ရှားလှ၏၊ရှိလျှင်လည်း ငွေကြေးပြည့်စုံသည့်လူတန်းစားများပင်ဖြစ်သည်။ခေတ်အခြေအနေအရ ငွေကြေးပြည့်စုံသည့်အရှင်းရှင်များထက် လက်လုပ်လက်စားဘဝများကသာ များပြားလှသည်။ငွေကြေးမပြည့်စုံသည့်လူတန်းစားတို့မှာ တစ်နေ့လုပ်မှတစ်နေ့စားရတာဖြစ်၍ ပညာကိုတန်ဖိုးထားဖို့မေ့လျှော့ခဲ့ရသည်။ဥစ္စာကိုသာ နင်းဖြဲရှာ၍ ရရာအလုပ်လုပ်၊ပိုက်ဆံရပြီးရော ဟူသည့်လူမျိုးများသာဖြစ်ခဲ့ပြီး ထိုအခြေအနေတွင်အမြတ်အများဆုံးရသူက ဗညားပိုင်ဇေတို့လို အရှင်းရှင်လူတန်းစားများဖြစ်လေ၏။
မိုးမိုက်ထိုအိမ်ပေါ်သို့ရောက်ခဲ့သည်မှာ တစ်လတင်းတင်းပြည့်ခဲ့လေပြီ။စရောက်ခါစက ထိုလူ့ကိုကြောက်ရွံ့ခဲ့သော်ငြား ထိုလူသည် မိုးမိုက်ကိုပင်ရှိသည်မထင်၊ထိုလူ့အား အိမ်တွင်တွေ့ရသည်မှာ နာရီပိုင်းမျှသာ မနက်ပိုင်းမနက်စာစားချိန်နှင့် ညဘက်ညစာစားချိန်မှသာအိမ်တွင်ရှိတတ်၏ဒီအတောအတွင်းအဲ့ဒီ့အချက်ကိုအခွင့်ကောင်းယူ၍မိုးမိုက် ခြေလှမ်းတို့စတင်လှုပ်ရှားခဲ့တာ ယခုဆိုသူ့အိမ်ရှိအချက်အလက်မျိုးစုံကိုသိခဲ့ရပြီဖြစ်သည်။
စခန်းတွင်နေစဥ်က အပြင်တစ်ခါထွက်မှမိန်းကလေးလို့ဝတ်စားရတာဖြစ်ပြီးကျန်သည့်အချိန်တွင် သူသူကိုယ်ကိုယ် ယောကျာ်းတစ်ယောက်ပုံစံအတိုင်းလွတ်လပ်ပေါ့ပါးစွာနေထိုင်လို့ရ၏သို့သော်ယခုမူ နေထိုင်သည့်တစ်နေ့တာလုံးမိန်းမတစ်ယောက်နှယ်ဝတ်စားနေထိုင်ပြောဆိုနေရတာဖြစ်၍ သူ့အတွက်အလုံးစုံတော့အဆင်ပြေမှုမရှိပေ။
ဗညားပိုင်ဇေဆိုသူမှာလည်း သူ့အား ဂရုမပြုသော်ငြား အနှီပါးနပ်လွန်းသည့်လူသည် အချိန်မရွေးသိသွားနိုင်သည်ဖြစ်၍ မိုးမိုက်မှာအချိန်တိုင်းသတိဝိရီယနှင့်သာနေရ၏
YOU ARE READING
လှည့်ကွက်များ၏နောက်ကွယ်(Ongoing)
Roman d'amour⚠️name change⚠️ 1930ခုနှစ်ဝန်းကျင်အခါ၌..... မင်းကိုချစ်တတ်ခဲ့လို့အာဏာဆိုတာကိုကိုယ်မက်ခဲ့တာ #ဗညားပိုင်ဇေ အာဏာရူးတွေကိုကျုပ်သိပ်မုန်းတယ် #မိုးမိုက်အမှောင် အကုန်လုံးကညီနောင်တွေပါပဲ ဒါပေမဲ့မင်းကိုပိုချစ်တယ် #ဇူဇယ်နော် မေတ္တာအကြည့်တစ်ချက်ပဲစွန့်ကြဲစေချင်...